The network connection is lost.

Banner Image

ဒဏ်ရာရနေပေမယ့် လုခ်ရှောဘက်ကနေ ထောက်ခံလိုက်တဲ့ အာမိုရင်

ယူနိုက်တက်နည်းပြ အာမိုရင်က ဘယ်နောက်ခံလူ လုခ်ရှောတစ်ယောက် ဒဏ်ရာရနေပေမယ့် သူ့ဘက်ကနေ ထောက်ခံပြောကြားလိုက်ပါတယ်။ဖေဖော်ဝါရီကတည်းက ဒဏ်ရာကြောင့်နားနေရတဲ့ အင်္ဂလန်သားဟာ ၃ ပွဲဆက်အရန်ခုံမှာ ပြန်ပါလာခဲ့ပေမယ့် အာဆင်နယ်နဲ့ပွဲမှာတော့ တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။

နောက်ဆုံးဒဏ်ရာအခြေအနေအရ လုခ်ရှောအနေနဲ့ ဘယ်အချိန်ပြန်လာနိုင်မလဲဆိုတာ အတိအကျမသိရသေးတာဖြစ်ပါတယ်။ အင်္ဂလန်သားရဲ့ဒဏ်ရာအခြေအနေဟာ ပြဿနာတစ်ရပ်အဖြစ်ရှိနေပြီး ပြီးခဲ့တဲ့ ၉ လအတွင်းမှာ ၁ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။

အဲ့အချိန်ကတည်းက လုခ်ရှောဟာ ဒဏ်ရာတွေနဲ့သာ နပန်လုံးနေခဲ့ရပြီး ကစားသမားကော အသင်းပါ စိတ်ပျက်လာခဲ့တာဖြစ်ပါတယ်။ အာမိုရင်ကတော့ လုခ်ရှောအခြေအနေနဲ့ပတ်သက်ပြီး အကောင်းမြင်နေပါတယ်။ “ကျွန်တော် စရောက်ကတည်းက ဘာပြောနိုင်မှာလဲဗျာ။ ဆေးအဖွဲ့နဲ့ gym မှာ သူအလုပ်အများကြီးလုပ်နေတာကို မြင်ခဲ့ရပါတယ်။ သူကွင်းထဲမှာလည်း အလုပ်အများကြီးလုပ်ခဲ့ပါတယ်။

ကျွန်တော်တို့ ဒီပွဲတွေမှာ အလုပ်အများကြီးလုပ်ခဲ့သလို ထရိန်နင်မှာလည်း အလုပ်အများကြီးလုပ်ခဲ့ပါတယ်။ သူဆိုရင် ဝိတ်တောင်လျော့ကျလာပါတယ်။ သူအရာအားလုံးလုပ်ဆောင်နေတာပါ။ ဒီလိုအပြုအမူမျိုးဆက်လက်လုပ်ဆောင်မယ်ဆိုရင် သူက ထိပ်တန်းအဆင့်ကစားသမားဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ သူ့လိုကစားသမားမျိုးလိုအပ်ပါတယ်။ သူဘယ်လောက်နားရနားရ  ပြဿနာမရှိပါဘူး။ 

ကျွန်တော်တို့သူနဲ့အတူရှိနေမှာပါ။ သူပြန်လာနိုင်အောင် လုပ်ဆောင်ပေးသွားမှာပါ။ ယူနိုက်တက်တင်မဟုတ်ပဲ နိုင်ငံအသင်းကလည်း သူ့လိုကစားသမားမျိုးလိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော် ဒီနေရာမှာ သူ့ကိုကူညီဖို့ရှိနေပါတယ်"”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ကို ၂-၀ နဲ့အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ လာမယ့်စနေနေ့မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။