ချဲလ်ဆီးစတားကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ အေစီမီလန်
အီတလီသတင်းတွေအရ အေစီမီလန်အသင်းဟာ အခုနွေရာသီမှာ ချဲလ်ဆီးစတား လူကာကူကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရိုးမားအသင်းမှာ အငှားထွက်ကစားခဲ့တာဖြစ်ပြီး ချဲလ်ဆီးဘက်က အခုနွေရာသီမှာ အပြီးသတ်ရောင်းထုတ်ချင်နေပါတယ်။
နာပိုလီနဲ့ အေစီမီလန်တို့က ဘယ်လ်ဂျီယံသားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချဲလ်ဆီးဘက်က ပေါင် ၂၅ သန်းအနည်းဆုံးလိုချင်နေပါတယ်။ အီတလီသတင်းတွေအရ အေစီမီလန်ဟာ ချဲလ်ဆီးအသင်းနဲ့ဆွေးနွေးမှုပြုလုပ်နေပြီလို့ ဖော်ပြခဲ့ကာ နာပိုလီကတော့ လက်ရှိမှာ မဆွေးနွေးသေးဘူးလို့ သိရပါတယ်။
နာပိုလီအသင်းက လူကာကူကို အိုဆီမင်ရောင်းထုတ်လို့ရတဲ့ငွေကြေးကနေ ပြန်လည်ခေါ်ယူချင်နေပြီး အိုဆီမင်ကို အာဆင်နယ်နဲ့ ချဲလ်ဆီးတို့က စိတ်ဝင်စားနေပါတယ်။ ငွေကြေးရှာဖွေနိုင်ဖို့ နာပိုလီအနေနဲ့ အိုဆီမင်ကို ရောင်းထုတ်ဖို့ လိုအပ်နေတကာ အေစီမီလန်က အဆိုပါအခွင့်အရေးကို အမိအရအသုံးချနေတာဖြစ်ပါတယ်။
လူကာကူဘက်က ၂ သင်းစလုံးကို ပြောင်းချင်နေပြီး နာပိုလီမှာက ကွန်တီရှိနေတာကြောင့် ဖြစ်နိုင်ချေပိုများနေပါတယ်။ အေစီမီလန်က ချဲလ်ဆီးအသင်း တောင်းဆိုတဲ့ပေါင် ၂၅ သန်းကို ပေးချေနိုင်ပေမယ့် ခေါ်ယူမှုအတွက် လူကာကူက နိုင်ငံအသင်းနဲ့ပူးပေါင်းနေတာကြောင့် ကြန့်ကြာနိုင်တာဖြစ်ပါတယ်။ အေစီမီလန်ဟာ အခုနွေရာသီမှာ ဘိုလော့ဂ်နာစတား ဇီကာဇီကို ထိပ်တန်းအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။