ဥရောပနေးရှင်းလိဂ် မဲခွဲပွဲ စတင်မယ့်အချိန်၊ မဲအိုးအဆင့်သတ်မှတ်ချက်နဲ့ ကွာတားဖိုင်နယ်အတွက် အချက်အလက်များ
ပြိုင်ပွဲရဲ့အရေးအကြီးဆုံး အဆုံးအဖြတ်ကာလဆီ ရောက်ရှိလာတာနဲ့အမျှ ၂၀၂၆-၂၀၂၇ ဥရောပနေးရှင်းလိဂ်ကွာတားဖိုင်နယ်မဲခွဲပွဲကို အခုသီတင်းပတ်အတွင်း ကျင်းပသွားပါမယ်။
လက်ရှိမှာ ရှုံးထွက်အဆင့်ဆီ တက်ရောက်ခွင့်ရရှိထားတဲ့ အသင်းတွေအနက် အင်္ဂလန်အသင်းလည်း ပါဝင်နေပြီး တူချယ်ရဲ့အသင်းက ပြီးပြည့်စုံလုနီးပါး အုပ်စုအဆင့်ဖြတ်သန်းမှုကို ပိုင်ဆိုင်ခဲ့ပါတယ်။
သူတို့ရဲ့ အခုဘောလုံးရာသီ၊ တစ်ပွဲတည်းသော နေးရှင်းလိဂ်ရှုံးနိမ့်မှုက စက်တင်ဘာလ အဖွင့်ပွဲစဉ်မှာ လက်ရှိကမ္ဘာ့ချန်ပီယံစပိန်ကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာတော့ အင်္ဂလန်က ကစားသမား ၁၀ ဦးတည်းဖြင့် တောင့်ခံယှဉ်ပြိုင်ရင်း နာမည်ကျော်နိုင်ပွဲနဲ့အတူ စပိန်ကို လက်စားချေနိုင်ခဲ့ပါတယ်။
ရလဒ်အဖြစ် ဂိုးကွာခြားချက်အသာစီးရမှုကြောင့် အင်္ဂလန်က စပိန်ကို ကျော်ဖြတ်ကာ အုပ်စု(A3) ရဲ့ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့လို့ ကွာတားဖိုင်နယ်မှာ အခြားသော ဥရောပ အင်အားကြီးအသင်းတွေကို ရှောင်လွှဲနိုင်မယ့် အလားအလာ အားကောင်းသွားခဲ့ပါတယ်။
တခြားပွဲစဉ်တွေမှာတော့ ပြင်သစ်က တူရကီကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး အုပ်စု (A1) ရဲ့ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သလို ဘယ်လ်ဂျီယံကလည်း အီတလီကို ၄-၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူကာ ဒုတိယနေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။
အလားတူ ယာဂန်ကလော့ပ်ရဲ့ဂျာမနီက အဓိကပြိုင်ဘက်နယ်သာလန်ကို ၅-၀ ဂိုးဖြင့် အနိုင်ယူကာ အုပ်စု(A2)ဗိုလ်နေရာ ရရှိသွားသလို ရှုံးပွဲကြုံတွေ့ခဲ့ပေမဲ့ ဇာဗီရဲ့အသင်းက အုပ်စုဒုတိယနေရာဖြင့် ကွာတားဖိုင်နယ်ဆီ တက်လှမ်းလာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့လက်ရွေးစင်ကစားသမားအနားယူမှုနဲ့အတူ အိမ်ကွင်းမှာ ဒိန်းမတ်ကို အရှက်တကွဲရှုံးနိမ့်ပြီးနောက် အုပ်စု(A4) မှာ ပေါ်တူဂီရဲ့ရပ်တည်မှုကို အတည်ပြုဖို့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
နေးရှင်းစ်လိဂ် မဲခွဲပွဲကို ဘယ်အချိန်မှာ ကျင်းပမလဲ
၂၀၂၆-၂၀၂၇ ဥရောပနေးရှင်းလိဂ်ကွာတားဖိုင်နယ်မဲခွဲပွဲကို အုပ်စုအဆင့်ပွဲစဉ်တွေ အားလုံး ပြီးဆုံးသွားပြီးနောက် နိုဝင်ဘာ ၂၀ ရက်(သောကြာနေ့)မှာ ပြုလုပ်သွားပါလိမ့်မယ်။
ကွာတားဖိုင်နယ်မဲခွဲပွဲအပြင် တန်းတက်/တန်းဆင်း play-offs မဲခွဲပွဲကိုလည်း တစ်ပါတည်း ပြုလုပ်သွားပါမယ်။
မဲခွဲပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို ဂရင်းနစ်စံတော်ချိန် မနက် ၁၁ နာရီမှာ စတင်ပြီး မဲခွဲမှုကိုတော့ သိပ်မကြာမီမှာ စတင်သွားဖို့ မျှော်လင့်ရပါတယ်။
နေးရှင်းလိဂ်မဲခွဲပွဲကို ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့မှာ ကျင်းပသွားပါမယ်။
နေးရှင်းစ်လိဂ်မဲခွဲမှု ဘယ်လိုပုံစံလည်ပတ်မလဲ
အုပ်စုဗိုလ်နေရာရရှိတဲ့ အသင်းလေးခုက အုပ်စုဒုတိယနေရာရရှိတဲ့ အသင်းလေးခုနဲ့ နေးရှင်းလိဂ်ကွာတားဖိုင်နယ်ကို နှစ်ကျော့ ယှဉ်ပြိုင်ကစားသွားရပါမယ်။
အုပ်စုဗိုလ်အသင်းတွေအားလုံးကို ဆီဒင်ရအသင်းအဖြစ် သတ်မှတ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကို အိမ်ကွင်းမှာ ကစားသွားကြရပါမယ်။ အုပ်စုတူအချင်းချင်း ရှုံးထွက်အဆင့်မှာ ပြန်လည်ဆုံတွေ့ဖို့မရှိလို့ အင်္ဂလန်နဲ့ စပိန်တို့ ထိပ်တိုက်ရင်ဆိုင်စရာအကြောင်း မရှိပါဘူး။
နေးရှင်းလိဂ် မဲအိုးအဆင့် သတ်မှတ်ချက်များ
အုပ်စုဗိုလ်အသင်းလေးခုကို Pot 1 မှာ ဆီဒင်ရအဖြစ် ထည့်သွင်းပြီး အုပ်စုဒုတိယအသင်းလေးခုကိုတော့ Pot 2 မှာ ဆီဒင်မရ အဖြစ် ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။
Pot 1 - ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ၊ (အတည်ပြုရန် ကျန်ရှိဆဲ)
Pot 2 - ဘယ်လ်ဂျီယံ၊ စပိန်၊ နယ်သာလန်၊ (အတည်ပြုရန် ကျန်ရှိဆဲ)
ပေါ်တူဂီက နေးရှင်းလိဂ်ကွာတားဖိုင်နယ်ဝင်ခွင့်ကို သေချာပေါက် ရရှိထားပေမဲ့ အုပ်စု (A4)မှာ ပထမ သို့မဟုတ် ဒုတိယနေရာ ရရှိမလားဆိုတာကို စောင့်ကြည့်သွားရပါလိမ့်မယ်။
နေးရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဘယ်အချိန်မှာ ကစားမလဲ
နေးရှင်းလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်တွေအပြင် လိဂ် A/B နဲ့ လိဂ် B/C တန်းတက်/တန်းဆင်း play-offs ပွဲစဉ်တွေကို ၂၀၂၇ ခုနှစ်၊ မတ်လအတွင်း ယှဉ်ပြိုင်ကစားသွားပါမယ်။
ပထမအကျော့ပွဲစဉ်တွေကို မတ် ၂၅ ရက်မှ ၂၇ ရက်အတွင်း၊ ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ မတ် ၂၈ ရက်မှ ၃၀ ရက်အတွင်း ကျင်းပသွားဖို့ သတ်မှတ်ထားပါတယ်။
ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ပွဲစဉ်တွေကိုတော့ ၂၀၂၇ ခုနှစ်၊ ဇွန်လမှာ ကျင်းပသွားပါမယ်။