The network connection is lost.

Banner Image

ဟောဂရင်းဆန်အပေါ် အစ္စဘောလုံးအဖွဲ့ချုပ်ရဲ့ဝေဖန်တိုက်ခိုက်မှုကို အိုင်ယာလန်ဝန်ကြီးချုပ်မာတင် ရှုံ့ချ

အိုင်ယာလန်အသင်းနည်းပြဟောဂရင်းဆန်ရဲ့ ဂါဇာစစ်ပွဲနဲ့ပတ်သက်တဲ့ မှတ်ချက်တွေအပေါ် အစ္စရေးဘောလုံးအဖွဲ့ချုပ်က "မိုက်မဲမှု၊ အသိပညာကင်းမဲ့မှုနှင့် ဟန်ဆောင်မှု" လို့  စွပ်စွဲပြောဆိုခဲ့ပြီးနောက် အင်္ဂါနေ့မှာ နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြအတွက် အိုင်ယာလန်ဝန်ကြီးချုပ်မာတင်ရဲ့အပြည့်အ၀ရပ်တည်ထောက်ခံပေးမှု ပေါ်ပေါက်လာခဲ့ပါတယ်။
 
အိုင်ယာလန်နည်းပြဟောဂရင်းဆန်အပေါ် အစ္စရေးဘောလုံးအဖွဲ့ချုပ်ရဲ့ပြောဆိုချက်တွေကို လက်ခံနိုင်ဖွယ်မရှိဘူးလို့ မာတင်က တုံ့ပြန်ခဲ့ပါတယ်။

"ဒါတွေက လက်ခံနိုင်စရာမရှိတဲ့ ပြောဆိုချက်တွေလို့ ကျွန်တော် ထင်ပါတယ်။ သူတို့ကိုယ်တိုင် ဒီလိုပြောဆိုချက်တွေကို ပြန်လည်ရုပ်သိမ်းသင့်ပါတယ်" ဟု ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပရာ နယူးယောက်မြို့မှာ မာတင်က သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။
 
"ကမ္ဘာကြီးက သိရှိနားလည်ထားပြီးဖြစ်တဲ့ အရာတွေကို အစ္စရေးတို့ ဆက်လက်ငြင်းဆိုနေလို့ မရပါဘူး" လို့လည်း သူက ဆိုပါတယ်။

အစ္စရေးနဲ့ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ပွဲစဉ်နှစ်ခုမတိုင်ခင် ဟောဂရင်းဆန်က "ကျွန်တော်တို့က လူမျိုးတုံးသတ်ဖြတ်မှုနဲ့အတူ ကစားနေတာမဟုတ်ပါဘူး၊ လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ပြီး ကစားနေတာပါ။ ကျွန်တော်တို့က အစ္စရေးကို ဆန့်ကျင်နေပြီး အစ္စရေးနဲ့အတူ ယှဉ်တွဲကစားနေတာမျိုး မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပြီးနောက် အခုလိုအငြင်းပွားမှု စတင်လာခဲ့ပါတယ်။
 
အစ္စရေးဘောလုံးအဖွဲ့ချုပ်က တနင်္လာနေ့မှာ အိုက်စလန်လူမျိုးနည်းပြကို "မိုက်မဲမှု၊ အသိပညာကင်းမဲ့မှုနှင့် ဟန်ဆောင်မှု"တွေနဲ့ ပြည့်နှက်နေတယ်လို့ စွပ်စွဲကာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
 
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ရဲ့ မှတ်ချက်တွေကို ကိုးကားပြီး ဟောဂရင်းဆန်ရဲ့ပြောကြားချက်တွေဟာ ဂါဇာဒေသရှိ သေဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုပမာဏတွေအပေါ် စိုးရိမ်ပူပန်နေမှုတွေကို ထင်ဟပ်စေခဲ့တယ်လို့ မာတင်က ပြောကြားခဲ့ပါတယ်။
 
စက်တင်ဘာ ၂၇ ရက်နှင့် အောက်တိုဘာ ၄ ရက်မှာ အစ္စရေးနဲ့ ယှဉ်ပြိုင်ကစားရန် သတ်မှတ်ထားတဲ့ ပွဲစဉ်တွေနဲ့ပတ်သက်လို့ အိုင်ယာလန်နိုင်ငံအတွင်း အငြင်းပွားမှုတွေ အပြင်းအထန်ပေါ်ပေါက်လာနေပါတယ်။

ဒီပွဲစဉ်တွေကို သပိတ်မှောက်သွားဖို့ လက်ရွေးစင်အသင်းဆီ တိုက်တွန်းတဲ့ အိတ်ဖွင့်ပေးစာမှာ အိုင်ယာလန်အားကစားသမား ၁၆၀ ကျော် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး တနင်္လာနေ့မှာလည်း ဒဗ္ဗလင်မြို့ရှိ လက်ရွေးစင်အသင်းတည်းခိုရာ ဟိုတယ်ပြင်ပမှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပါတယ်။

ဒါ့အပြင် ဒီပွဲစဉ်တွေမတိုင်ခင် နိုင်ငံတဝန်းမှာလည်း နောက်ထပ်ဆန္ဒပြမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။