The network connection is lost.

Banner Image

ကိုပါအီတာလီယာဖလား ၁၆ သင်းရှုံးထွက်အဆင့်မဲခွဲမှုရလဒ် ထွက်ပေါ်လာ

အခုဘောလုံးရာသီအတွက် ကိုပါအီတာလီယာဖလားပြိုင်ပွဲက ပိုမိုပေါ်လွင်ထင်ရှားလာပြီး ၁၆ သင်းရှုံးထွက်အဆင့်အတွက် မဲခွဲမှုရလဒ်လည်း ထွက်ပေါ်လာပါတယ်။

မာရက်ဆီကွင်းမှာ ဆုဒီတီရိုကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ဂျီနိုအာက အင်တာမီလန်နဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး ပီဆာနဲ့ မြို့ခံဒါဘီတွေ့ဆုံမှုမှာ ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ဖီအိုရင်တီးနားကတော့ အယ်လီဂရီရဲ့နာပိုလီနဲ့ ရင်ဆိုင်သွားရပါတော့မယ်။
 
လက်ရှိအချိန်အထိတော့ အံ့အားသင့်စရာအပြောင်းအလဲတွေ သိပ်မရှိသေးပေမဲ့ အကောင်းဆုံးယှဉ်ပြိုင်မှုတွေ အခု စတင်လာပါတော့မယ်။
 
ပထမလမ်းကြောင်းမှာ အင်တာမီလန်-ဂျီနိုအာ၊ ဘိုလော့ဂ်နာ-ပါလာမို၊ အေစီမီလန်-မွန်ဇာနဲ့ ကိုမို-ခရီမိုနိစ်တို့  ထိပ်တိုက်တွေ့ဆုံနေပြီး အခြားတစ်ဖက်ခြမ်းမှာတော့ ရိုးမား-ဗီရိုနာ၊ ဂျူဗင်တပ်စ်-ဆာဆူအိုလို၊ အတ္တလန်တာ-အူဒီးနိစ်နဲ့ နာပိုလီ-ဖီအိုရင်တီးနားတို့ ရှိနေပြန်ပါတယ်။
 
ထိပ်တန်းကလပ်အသင်းတွေအနက် ၃၂ သင်းရှုံးထွက်အဆင့်မှာ မန်တိုဗာကို မထင်မှတ်ဘဲရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာလာရတဲ့ လာဇီယိုတော့ အခုအဆင့်မှာ မပါဝင်လာပါဘူး။ ဖြစ်နိုင်ခြေအရ ပထမလမ်းကြောင်းမှာ မီလန်ဒါဘီဆီမီးဖိုင်နယ်ပွဲစဉ်ပေါ်ပေါက်လာဖို့ အလားအလာကောင်းနေသလို အခြားလမ်းကြောင်းမှာလည်း ရိုးမား-ဂျူဗင်တပ်စ်၊ အတ္တလန်တာ-နာပိုလီတို့လို ကွာတားဖိုင်နယ်ပွဲစဉ်တွေ ရှိလာနိုင်လို့ စိတ်ဝင်စားစရာကောင်းနေပါတယ်။
 
ထုံစံအတိုင်း ကိုပါအီတာလီယာဖလားဗိုလ်လုပွဲကိုတော့ လာမယ့်မေ ၁၉ ရက်၊ ရောမမြို့ရှိ အိုလံပီကိုကွင်းမှာ ကျင်းပသွားပါမယ်။