The network connection is lost.

Banner Image

လီဗာပူးနဲ့ပွဲစဉ်မှာ အာရုံစူးစိုက်မှုအပြည့်ယှဉ်ပြိုင်ကစားဖို့ အစ်ဆွစ်အသင်းကို အိုနေးလ် သတိပေး

အစ်ဆွစ်တောင်းနည်းပြဂယ်ရီအိုနေးလ်က သောကြာညပိုင်း၊ ပေါ့မန်းရုဒ်မှာ လီဗာပူးကို ဧည့်ခံကစားရမယ့်ပွဲစဉ်မတိုင်ခင် အခုဘောလုံးရာသီရဲ့ပထမဆုံးရှုံးပွဲမှ တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ ရရှိခဲ့တယ်လို့ ယုံကြည်နေပါတယ်။

အစ်ဆွစ်တောင်းက ယမန်နှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတတိယနေရာမှာရပ်တည်ခဲ့တဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ကစားချိန် စိတ်လှုပ်ရှားစရာကစားဟန်မျိုး ပြသခဲ့ပေမဲ့ အဆုံးမှာတော့ မန်ချက်စတာယူနိုက်တက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

အိုနေးလ်က တခဏတာအာရုံစူးစိုက်မှုကင်းလွတ်ခြင်းတွေကြောင့် ယူနိုက်တက်အတွက် အခွင့်အရေးကောင်းတွေ ဖန်တီးပေးသလို ဖြစ်သွားတယ်လို့ ဝန်ခံခဲ့သလို ထိပ်တန်းပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရချိန် ပွဲချိန်တလျှောက်လုံး စနစ်တကျကစားနိုင်ဖို့ဆိုတာ ဘယ်လောက်အထိအရေးကြီးတယ်ဆိုတာကို အလေးအနက်ပြောကြားခဲ့ပါတယ်။

"ဒါက ကျွန်တော်တို့အတွက် စိန်ခေါ်မှုတချို့နဲ့ပတ်သက်လို့ ပထမဆုံးရင်ဆိုင်ခဲ့ရတဲ့ တကယ့်စမ်းသပ်မှု ဖြစ်ပါတယ်။ ဆန်းဒါးလန်းအသင်း ချေပဂိုးသွင်းယူသွားခဲ့တယ်ဆိုတာလည်း စမ်းသပ်မှုတစ်ခု ဖြစ်ခဲ့ပေမဲ့ ဒါကတော့ ပိုပြီးပြင်းထန်တဲ့ပုံစံမျိုး ဖြစ်ပါတယ်"လို့ အိုနေးလ်က ကလပ်အသင်းဝက်ဘ်ဆိုဒ်ဆီ ပြောကြားခဲ့ပါတယ်။

"ဂိုးပြန်ပေးလိုက်ရလို့ ခံစားချက်တွေ သိပ်မကောင်းခဲ့ပါဘူး။ ဒါက အသင်းကစားသမားတွေရဲ့စိတ်ခံစားမှုအပေါ် သက်ရောက်မှုရှိခဲ့ပုံရပြီး ကျွန်တော်တို့ရဲ့နည်းဗျူဟာအစီအစဉ်အတိုင်း ကစားဖို့ တခဏတာ သတိလက်လွတ်ဖြစ်သွားပါတယ်။

ပွဲကိုပြန်ကြည့်လိုက်ချိန်မှာလည်း ကျွန်တော်တို့အသင်းက ထင်ထားသလောက် နည်းဗျူဟာပိုင်းနဲ့ကင်းလွတ်သွားတာမျိုး မရှိပေမဲ့ အဲ့ဒီ ၁၂ မိနစ်တာအချိန်ကာလက ကျွန်တာ်တို့ရဲ့ပွဲစဉ်ဦးဆောင်နေမှုကို လွှဲပြောင်းပေးလိုက်ဖို့အတွက် လုံလောက်ခဲ့ပါတယ်။

ဒါက အသင်းအဖွဲ့တစ်ခုအဖြစ် ဒီအဆင့်အတန်းမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာ နားလည်စေဖို့အတွက် ကောင်းမွန်တဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုယှဉ်ပြိုင်နိုင်ဖို့နဲ့ အကောင်းဆုံးအခွင့်အရေးတွေ ရရှိစေဖို့အတွက် ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေကို အတိအကျအကောင်အထည်ဖော်သွားဖို့တော့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။