The network connection is lost.

Banner Image

ချဲလ်ဆီးကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်ဇ်ကို ဗြိတိန်ပူးတွဲစံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်တဲ့ မန်စီးတီး

ချဲလ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ဗြိတိန်ပူးတွဲစံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့ပြီလို့ မန်စီးတီးအသင်းက ကြေညာလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားက ၂၀၂၆ ခုနှစ်အစကတည်းကပင် စတမ်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာခွင့်ရဖို့ ကြိုးပမ်းနေခဲ့သူ ဖြစ်ပါတယ်။

အစောပိုင်းမှာ အန်ဇိုဖာနန်ဒက်ဇ်က ရီးရဲလ်မက်ဒရစ်နဲ့အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့လို့ ချဲလ်ဆီးနည်းပြဟောင်းရိုဆင်နီယာရဲ့နှစ်ပွဲပယ်ပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရဖူးပါတယ်။

ဒါပေမဲ့ စပိန်ကလပ်အသင်းဘက်က ဒီကစားသမားကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုမရှိဘူးဆိုပြီး တရားဝင်ငြင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် နည်းပြဟောင်းအန်ဇိုမာရက်စ်ကာနဲ့ပြန်လည်ပူးပေါင်းလိုတဲ့ အန်ဇိုဖာနန်ဒက်ဇ်အတွက် တစ်ခုတည်းသောရွေးချယ်စရာ ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့အပြောင်းအရွှေ့အတွက် ကလပ်အသင်းနှစ်ခုအကြား စျေးကွက်နောက်ဆုံးနေ့မှာ သဘောတူညီမှုရရှိခဲ့ပြီး သတင်းတွေအရ ဗြိတိန်ပူးစံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၂၅ သန်းအထိ တန်ကြေးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အန်ဇိုဖာနန်ဒက်ဇ်က မန်စီးတီးနဲ့ ငါးနှစ်သက်တမ်းရှိစာချုပ်ကို ချုပ်ဆိုခဲ့လို့ သူ့ကို ၂၀၃၁ ခုနှစ်အထိ အီတီဟတ်ကွင်းမှာ မြင်တွေ့သွားရပါလိမ့်မယ်။