The network connection is lost.

Banner Image

ဘရူနိုဖာနန်ဒက်စ်ရဲ့ဟက်ထရစ်နဲ့အတူ အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်နိုင်ပွဲရရှိခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ၅-၂ အစ်ဆွစ် (ပွဲပြီးရလဒ်)

အခုအိုးထရက်ဖို့ဒ်ကွင်းပွဲစဉ်မှာ အိမ်ရှင်ယူနိုက်တက်က ဧည့်သည်အစ်ဆွစ်ကို ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပေမဲ့ အကောင်းဆုံးပြန်လာကာ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ပုံဖော်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဧည့်သည်တွေက ဒါဗစ်ရဲ့သွင်းဂိုးနဲ့ ပွဲစဉ်ကို ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းမပြီးဆုံးခင် ဘရူနိုဖာနန်ဒက်စ်က အိမ်ရှင်တွေအတွက် ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ယူနိုက်တက်အတွက် အဖိုးတန်သွင်းဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်(ပင်နယ်တီအပါအဝင် ၂ ဂိုး)၊ အစ်ဆွစ်နောက်ခံလူဂရာဗီဗက်(O.G)နဲ့ အမ်ဘွေမိုတို့က သွင်းယူပေးခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာတော့ လူစားဝင်တိုက်စစ်မှူးချူဘာအက်ပွန်က အစ်ဆွစ်အတွက် ဒုတိယမြောက်ချေပဂိုးကို သွင်းယူခဲ့ပါတယ်။