တော့တင်ဟမ်ရဲ့အပြောင်းအရွှေ့ဆုံးဖြတ်ချက်အသစ်ကို သိရှိပြီးနောက် ဂတ်ပိုရဲ့အနာဂတ် ဘယ်လိုလဲဆိုတာ ထွက်ပေါ်လာ
နာမည်ကျော်သတင်းထောက်ဒေးဗစ်အွန်စတိန်းရဲ့ စနေညနေပိုင်းထုတ်ပြန်ချက်အရ လီဗာပူးတိုက်စစ်မှူးဂတ်ပိုက အီတီဟတ်ကွင်းဆီ ပြောင်းရွှေ့သွားဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။
ဒါက တော့တင်ဟမ်အတွက်တော့ နွေရာသီအပြောင်းအရွှေ့စျေးကွက်ကာလတလျှောက်လုံး အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တဲ့ တိုက်စစ်မှူးနဲ့ပတ်သက်လို့ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။
တဖက်မှာလည်း မန်စီးတီးက မြောက်လန်ဒန်ကလပ်ဆီ ဆာဗင်ဟိုကို ပေါင် ၇၅ သန်းဖြင့် ရောင်းချခဲ့ပြီးနောက် ဂတ်ပိုကိုခေါ်ယူဖို့ အလျှင်အမြန်လှုပ်ရှားခဲ့ပုံ ရပါတယ်။
အွန်စတိန်းရဲ့အဆိုအရ အသက် ၂၇ နှစ်အရွယ်ကစားသမားက အန်ဖီးလ်မှာ ဆက်ရှိနေမလား၊ တော့တင်ဟမ် သို့မဟုတ် မန်စီးတီးဆီ ပြောင်းမလားဆိုတဲ့ လမ်းကြောင်းသုံးခုအနက် တစ်ခုကိုရွေးချယ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။
ကာယကံရှင်ကိုယ်တိုင်ကတော့ မန်စီးတီးဆီ ပြောင်းရွှေ့ဖို့အတွက်သာ ရွေးချယ်သွားခဲ့ပါတယ်။
ဒတ်ခ်ျ လက်ရွေးစင်ကစားသမားက မန်စီးတီးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိထားပြီလို့ ယူဆရပြီး မန်စီးတီးကလည်း ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းနဲ့ အပြောင်းအရွှေ့သဘောတူညီမှု အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။
လီဗာပူးအသင်းက အခုနွေရာသီ၊ အဓိကပစ်မှတ်ဖြစ်တဲ့ ဘာကိုလာကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီနဲ့ ပေါင် ၁၂၃ သန်းတန် သဘောတူညီမှု ရရှိပြီးနောက် ဂတ်ပိုရဲ့ထွက်ခွာမှုကို ခွင့်ပြုပေးသွားဖွယ် ရှိပါတယ်။
ဒါကြောင့် ဂတ်ပိုက ကိုနာတေး၊ ရော်ဘတ်ဆန်နဲ့ မိုဆာလက်တို့လို စာချုပ်သက်တမ်းပြည့်မြောက်လို့ ထွက်ခွာသွားကြတဲ့ ကစားသမားတွေအပြင် အင်တာမီလန်ဆီ ပြောင်းရွှေ့သွားတဲ့ ကာတစ်ဂျုံးစ်နောက်ပိုင်း အခုနွေရာသီ၊ မာဆေးဆိုဒ်ဒေသမှ နောက်ဆုံးထွက်ခွာသွားတဲ့ နာမည်ကြီးကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။