The network connection is lost.

Banner Image

မန်စီးတီးကို ရှုံးနိမ့်ပြီးနောက် ခရစ္စတယ်ပဲလေ့စ်အသင်းသားတွေကို စိတ်ဓါတ်မြှင့်တင်ပေးခဲ့တဲ့ ဆာဂီ

ခရစ္စတယ်ပဲလေ့စ်နည်းပြပီယာရီဆာဂီက မန်စီးတီးကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်အပြီး အသင်းရဲ့ပြင်ဆင်မှုလုပ်ငန်းစဉ်တွေအပေါ် စိတ်ရှည်သည်းခံကာ ယုံကြည်မှုရှိကြဖို့ အသင်းကစားသမားတွေဆီ တိုက်တွန်းခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ်နည်းပြက သူ့ရဲ့ပထမဆုံးအိမ်ကွင်းပွဲစဉ်မစတင်မီ ဆဲလ်ဟတ်ပတ်ခ်ကွင်းရှိ ပရိသတ်တွေဆီမှ သောင်းသောင်းဖြဖြကြိုဆိုမှုကို ရရှိခဲ့ပါတယ်။

အခုပွဲစဉ်အတွင်း ပြိုင်ဘက်ကလပ်အသင်းနှစ်ခုအကြား ခြေစွမ်းကွာဟချက်ကို ဝန်ခံခဲ့ပေမဲ့ သူ့ရဲ့အသင်းအနေဖြင့် ဆက်ကြိုးစားကာ တိုးတက်အောင် လုပ်ဆောင်ရဦးမယ်လို့ ဆာဂီက အခိုင်အမာပြောကြားခဲ့ပါတယ်။

ဆာဂီက "ကျွန်တော် စိတ်ပျက်မိပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ ၆၅ မိနစ်လောက်အထိ အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့လို့ အခုလိုဂိုးပြတ်သွားတယ်ဆိုတာ အတော်ဆိုးလွန်းတယ်လို့ ပြောရပါမယ်။

ကျွန်တော်တို့အသင်း ပွဲစကတည်းက အခွင့်အရေးတချို့ ဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့တွေ တတိယဂိုးမသွင်းယူမီအချိန်အထိပေါ့။ အဲဒီနောက်မှာတော့ ပွဲစဉ်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေ ပြောင်းလဲသွားခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ရာသီကြိုပြင်ဆင်မှုအပိုင်းမှာ အနည်းငယ်နောက်ကျခဲ့တယ်ဆိုတာ သိပါတယ်။ အဲဒါကြောင့်ပဲ ပြီးခဲ့တဲ့ပွဲစဉ်မှာ ၄၅ မိနစ်လောက် ကောင်းမွန်ခဲ့ပြီး ဒီနေ့မှာတော့ မိနစ် ၆၅ မိနစ်လောက် ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။

အဆိုးရွားဆုံးအချိန်ကတော့ ၃-၁ ဂိုး ဖြစ်သွားချိန်ပါပဲ။ ကျွန်တော်တို့ ပြန်လာခဲ့ပေမဲ့ ဒီအခြေအနေမှာ ကျွန်တော်တို့ မျှော်လင့်ချက်တွေ ပျောက်ကွယ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာ ၄၅ မိနစ်၊ ဒီနေ့ပွဲစဉ်မှာ မိနစ် ၆၀ လောက်အထိ ကျွန်တော်တို့ ဘယ်လိုကစားချင်လဲဆိုတာ ခင်ဗျားတို့ မြင်တွေ့ခဲ့ရလိမ့်မယ်လို့ ထင်ပါတယ်။ လာမယ့်ပွဲစဉ်ကျရင်တော့ ကျွန်တော်တို့ကစားချင်တဲ့ပုံစံအတိုင်း ပွဲချိန်ပြည့်ကစားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အဲဒီမတိုင်မီက ကျွန်တော်တို့လွဲချော်ခဲ့ရတဲ့ အခွင့်အရေးတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီလိုပြိုင်ဘက်မျိုးနဲ့ကစားရချိန်မှာ အကောင်းဆုံးအဆင့်မှာ ရှိနေဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။