The network connection is lost.

Banner Image

မန်စီးတီနဲ့ သတင်းတွေထွက်နေပေမဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ အန်ဇိုဖာနန်ဒက်ဇ်ပါဝင်ကစားမယ်လို့ အလွန်ဆို အတည်ပြု

ချဲလ်ဆီးနည်းပြ ဇာဘီအလွန်ဆိုက လူတန်တောင်းနဲ့ ကစားမယ့် ကာရာဘောင်ဖလားပွဲစဉ်မှာ အန်ဇိုဖာနန်ဒက်ဇ် ပါဝင်ကစားမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းဖို့ နီးကပ်လာချိန်အထိ အသက် ၂၅ နှစ်အရွယ်ကစားသမားရဲ့ စတန်းဖို့ဒ်ဘရစ်ချ်အနာဂတ်က မရေမရာဖြစ်နေဆဲ ဖြစ်ပါတယ်။

လက်ရှိ မန်စီးတီးကို ကိုင်တွယ်နေတဲ့ ချဲလ်ဆီးနည်းပြဟောင်း အန်ဇိုမာရက်စကာက တပည့်ဟောင်းကို ခေါ်ယူဖို့ အသင်းကို တွန်းအားပေးနေပါတယ်။

အလွန်ဆိုကတော့ မရေမရာ အခြေအနေတွေ ရှိနေပေမဲ့ လူတန်တောင်းနဲ့ ကစားမယ့် ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်မှာ ဖာနန်ဒက်ဇ် ပါဝင်ကစားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အလွန်ဆိုက “ဟုတ်ပါတယ်၊ ဖာနန်ဒက်ဇ် ဝင်ကစားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

သူ လေ့ကျင့်ခန်ဒဆင်းထားပါတယ်။ ကောင်းကောင်းလေ့ကျင့်နေပါတယ်။ ဖာနန်ဒက်ဇ်က ပရော်ဖက်ရှင်နယ်ကစားသမားကောင်းတစ်ဦးဖြစ်ပြီး မနက်ဖြန်ပွဲမှာ ဝင်ကစားပါလိ့မယ့်” လို့ ဆိုပါတယ်။

ဖာနန်ဒက်ဇ် ချဲလ်ဆီးအသင်းမှာ ဆက်ရှိနေမလားလို့ မေးမြန်းတဲ့အခါမှာတော့ အလွန်ဆိုက “ကျွန်တော်တို့ အကောင်းဆုံးအသင်းတစ်သင်း ဖြစ်ချင်ပါတယ်။

သူ့ရဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ သိပါတယ်၊ သူကိုယ်တိုင်လည်း သက်သေပြထားပြီးပါပြီ၊ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ မနက်ဖြန်ပွဲ (လူတန်တောင်း) အကြောင်းကိုပဲ စဉ်းစားပြီး အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။