The network connection is lost.

Banner Image

ဒီလပ်ရဲ့ ကျောနံပါတ် ၉ ဂျာစီကို လွှဲပြောင်းရယူခဲ့တဲ့ ဂျော်အိုပက်ဒရို

ဘောလုံးရာသီသစ်မစတင်ခင် ကစားသမားအချို့ရဲ့ ကျောနံပါတ်အပြောင်းအလဲတွေကို ချဲလ်ဆီးအသင်း ထုတ်ပြန်ရာမှာ ဂျော်အိုပက်ဒရိုက ဒီလပ်ဆီရောက်ရှိနေတဲ့ ဂုဏ်သိက္ခာကြီးမားလှတဲ့ ကျောနံပါတ် ၉ ဂျာစီကို လွှဲပြောင်းရယူခဲ့ပါတယ်။

ဂျော်အိုပက်ဒရိုက ပြီးခဲ့တဲ့နှစ်၊ ချဲလ်ဆီးကစားသမားဘ၀ ပွဲဦးထွက်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ဂိုး ၂၀ သွင်းယူပြီး ဂိုးဖန်တီးမှု ကိုးကြိမ် ပြုလုပ်နိုင်ခဲ့လို့ အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရရှိခဲ့သလို အခုလည်း ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင်ခွင့် ရရှိခဲ့ပြန်ပါတယ်။

တချိန်တည်းမှာပဲ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနာဂတ်မရေမရာဖြစ်နေတဲ့ ဒီလပ်ကတော့ ကျောနံပါတ် ၁၂ ဂျာစီကို လွှဲပြောင်းဝတ်ဆင်ရပါမယ်။

ဒီတိုက်စစ်မှူးက ယမန်နှစ်ဘောလုံးရာသီ၊ ၄၇ ပွဲ ပါဝင်ကစားရာမှာ သုံးဂိုးသာ သွင်းယူနိုင်ပြီး သူ့ကိုခေါ်ယူဖို့ ကိုမိုအသင်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီလပ်ကတော့ အင်္ဂလန်မှာပဲ ဆက်လက်ရှိနေချင်လို့ အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ကမ်းလှမ်းမှုတွေကို ဦးစားပေးစဉ်းစားသွားနိုင်ပါတယ်။

အခြားအပြောင်းအလဲတွေအဖြစ် ဝက်စလေဖိုဖာနာက ကျောနံပါတ် ၃ ဂျာစီ၊ မော်ဂန်ရိုဂျာစ်က ကျောနံပါတ် ၁၇ ဂျာစီတို့ကို ဝတ်ဆင်သွားပါမယ်။ အသင်းဆီ တကျော့ပြန်ပူးပေါင်လာတဲ့ မူဒရစ်ခ်ကတော့ ကျောနံပါတ် ၃၃ ဂျာစီကို ရရှိခဲ့ပြီး ကိုးလ်ပယ်လ်မာက လက်ရှိကျောနံပါတ် ၁၀ ဂျာစီကိုပဲ ဆက်လက်ဝတ်ဆင်သွားပါလိမ့်မယ်။