The network connection is lost.

Banner Image

ကာတစ်ဂျုံးစ်အတွက် အင်တာမီလန်ရဲ့ ယူရို ၃၅ သန်းတန်ကမ်းလှမ်းမှုကို လက်ခံလိုက်တဲ့ လီဗာပူး

လီဗာပူးနဲ့ အင်တာမီလန်တို့အကြား ယူရို ၃၅ သန်းတန် သဘောတူညီမှု ထွက်ပေါ်လာပြီးနောက် ကာတစ်ဂျုံးစ်က အခုနွေရာသီမှာ အီတာလျံကလပ်အသင်းဆီ ပြောင်းရွှေ့နိုင်ဖို့ နီးစပ်လာပါတယ်။

ကာတစ်ဂျုံးစ်က ၂၀၁၉ ခုနှစ်၊ ယာဂန်ကလော့ပ်လက်အောက်မှာ စီနီယာအဆင့်ပွဲဦးထွက်ကို စတင်ကစားခဲ့ပြီး လီဗာပူးအသင်းအတွက် ၂၂၈ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံ ၄၉ ပွဲ ပါဝင်ကစားခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ၁၈ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့မှတဆင့် ရရှိမယ့် ပြောင်းရွှေ့ကြေးက လီဗာပူးအသင်းအတွက် အသားတင်အမြတ်ဖြစ်လာပြီး လီဗာပူးမြို့ဖွားကွင်းလယ်ဖန်တီးရှင်ကိုယ်တိုင် အီတလီမြေမှာ ခြေစွမ်းပြသဖို့ ဆန္ဒရှိနေလို့ သူ့ရဲ့ထွက်ခွာမှုကြောင့် စိတ်မကောင်းစရာ နှုတ်ဆက်လမ်းခွဲမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ ဘန်ဂျက်ကော့ဘ်ရဲ့အဆိုအရ လီဗာပူးအသင်းက ကာတစ်ဂျုံးစ်အတွက် ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ကလပ်အသင်းနဲ့ ကစားသမားအကြား ၁၆ နှစ်ကြာသံယောဇဉ် တစ်ခန်းရပ်သွားပြီလို့ သိရပါတယ်။

"လီဗာပူးအသင်းက ကာတစ်ဂျုံးစ်အတွက် အင်တာမီလန်ရဲ့ ယူရို ၃၅ သန်းတန် တရားဝင် ကမ်းလှမ်းမှုကို လက်ခံလိုက်ပါပြီ။ ဒီသဘောတူညီမှုမှာ နောက်တစ်ကြိမ်ပြန်လည်ရောင်းချမှုရဲ့ ၁၀ ရာခိုင်နှုန်း အကျိုးခံစားခွင့်လည်း ပါဝင်ပါတယ်။

ကာတစ်ဂျုံးစ်ကိုလည်း အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့အတွက် ခွင့်ပြုပေးထားပါတယ်" လို့ ဘန်ဂျက်ကော့ဘ်က ရေးသားထားပါတယ်။

ဂျုံးစ်က တင်ပါးဆုံရိုး ဒဏ်ရာကြောင့် မိုနာကို၊ ကိုမိုတို့နဲ့ ကစားခဲ့တဲ့ လီဗာပူးရဲ့ နောက်ဆုံး ရာသီကြိုခြေစမ်းပွဲနှစ်ခုလုံးကို လွဲချော်ခဲ့ပြီး ယခုနွေရာသီမှာ အသင်းမှထွက်ခွာသွားခဲ့ကြတဲ့ ကိုနာတေး၊ မိုဆာလက်နဲ့ ရော်ဘတ်ဆန်တို့ရဲ့လမ်းစဉ်အတို်ငး လိုက်သွားရပါတော့မယ်။