ကာတစ်ဂျုံးစ်အတွက် ကမ်းလှမ်းမှုအသစ် ပြုလုပ်ဖို့ စီစဉ်နေတဲ့ အင်တာမီလန်
လီဗာပူးအသင်းကွင်းလယ်လူကာတစ်ဂျုံးစ်ကို ခေါ်ယူဖို့အတွက် အင်တာမီလန်အသင်းက ကမ်းလှမ်းမှုအသစ်တစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။
စီးရီးအေချန်ပီယံအသင်းက အသက် ၂၅ နှစ်အရွယ်ကစားသမားကို အဓိကပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားပေမဲ့ လီဗာပူးအသင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ကိုတော့ လိုက်လျောပေးသွားဖို့ ဆန္ဒမရှိပါဘူး။
နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အင်တာမီလန်အသင်းက ကာတစ်ဂျုံးစ်အတွက် ကမ်းလှမ်းမှုအသစ်တစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့လည်း ဆက်သွယ်ထားတယ်လို့ သိရပါတယ်။
ဖာဘရီဂတ်စ်ရဲ့ကိုမိုအသင်းကို နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အတွက် လီဗာပူးအသင်းလူစာရင်းမှာ ကာတစ်ဂျုံးစ် မပါဝင်ခဲ့ပါဘူး။
လီဗာပူးအသင်းဘက်ကတော့ တင်ပါးဆုံရိုးဒဏ်ရာကြောင့် ကာတစ်ဂျုံးစ် မပါဝင်နိုင်ဘူးလို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။