The network connection is lost.

Banner Image

အာဆင်နယ်လူငယ်ကြယ်ပွင့် အီသန်နွမ်နရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အေစီမီလန်

အာဆင်နယ်လူငယ်ကစားသမားအီသန်နွမ်နရီက အခုနွေရာသီမှာပဲ မြောက်လန်ဒန်အရပ်မှ ထွက်ခွာခွင့်ရရှိမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သူ့ကိုခေါ်ယူဖို့အတါက် အေစီမီလန်အသင်း ရေပန်းစားလာပါတယ်။

အေစီမီလန်က တိုက်စစ်ပိုင်းတီထွင်ဖန်တီးမှု ပိုကောင်းလာအောင် လုပ်ဆောင်ချင်နေပြီး နည်းပြအာတီတာလက်အောက် ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရတဲ့ အသက်-၁၉ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ ကြိုးစားလာနို်ငပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူဖာဘရီဇီယိုရိုမာနိုကလည်း အခုနွေရာသီဈေးကွက် နောက်ဆုံးအချိန်မှာ နွမ်နရီရဲ့ အာဆင်နယ်ကစားသမားဘဝ အဆုံးသတ်သွားဖို့ နီးစပ်နေပြီလို့ အတည်ပြုထားပါတယ်။

"လွန်ခဲ့တဲ့သီတင်းပတ်တွေကတည်းက စီစဉ်ထားတဲ့အတိုင်း နွမ်နရီက အခုနွေရာသီစျေးကွက်မပိတ်သိမ်းခင်မှာပဲ အာဆင်နယ်မှ ထွက်ခွာသွားနိုင်ပါတယ်။ ရာသီကြိုပွဲတွေမှာ ပါဝင်ခဲ့ပေမဲ့ မန်စီးတီးနဲ့ကွန်မြူနတီဒိုင်းပွဲစဉ်ကိုတော့ အရန်ခုံမှာတောင် မပါဝင်လာခဲ့ပါဘူး" လို့ ရိုမာနိုက ရေးသားခဲ့ပါတယ်။

အာဆင်နယ်သမိုင်းတလျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲအသက်အငယ်ဆုံးပွဲဦးထွက်ကစားနိုင်ခဲ့တဲ့ တောင်ပံကစားသမားလေးက အခွင့်အရေးသိပ်မရချိန်မှာတောင် ဘယ်လောက်အထိ အရည်အချင်းရှိထားလဲဆိုတာကို အရိပ်အမြွက်ပြသနိုင်ခဲ့ပါတယ်။

နွမ်နရီက ပရီးမီးယားလိဂ် ၂၄ ပွဲမှာ လေးဂိုးသွင်းယူထားနိုင်ပေမဲ့ ပုံမှန်ပွဲကစားချိန်မရရှိလို့ အမ်းမရိတ်စ်ကွင်းမှာ သူ့ရဲ့အနာဂတ်အတွက် မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။