The network connection is lost.

Banner Image

ထရက်ဇွန်စပေါအသင်းဆီ အံ့အားသင့်ဖွယ်ပြောင်းရွှေ့သွားနိုင်တဲ့ လီဗာပူးဂန္တဝင်မိုဆာလက်

လီဗာပူးဂန္ထဝင်မိုဟာမက်ဆာလက်က တူရကီကလပ်ထရက်ဇွန်စပေါအသင်းဆီ အံ့အားသင့်ဖွယ်ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၄ နှစ်အရွယ်ကစားသမားက မာဆေးဆိုဒ်မှာ ဆုဖလားအောင်မြင်မှုတွေနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ၉ နှစ်တာခရီးစဉ်ကို အဆုံးသတ်ပြီး အခုနွေရာသီအစောပိုင်းမှာပဲ လီဗာပူးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာပါတယ်။ 

မိုဆာလက်က လီဗာပူးကစားသမားဘ၀မှာ ပြိုင်ပွဲစုံ ၄၄၂ ပွဲကစား၊ ၂၅၇ ဂိုးအထိ သွင်းယူကာ အံ့အားသင့်စရာကောင်းအောင် ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ကြိမ်၊ ချန်ပီယံလိဂ်ဆုဖလားတစ်ကြိမ်အပါအဝင် အခြားဆုဖလားတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

အခုတော့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရ လီဗာပူးဂန္တဝင်က တူရကီကလပ်ထရက်ဇွန်စပေါအသင်းဆီ ပြောင်းရွှေ့ဖို့ အတော်လေးနီးစပ်နေပြီလို့ သိရပါတယ်။ မိုဆာလက်ကိုခေါ်ယူဖို့ ထရက်ဇွန်စပေါတင်မက ဖီနာဘာချီလည်း စိတ်ဝင်စားကမ်းလှမ်းခဲ့ဖူးပါတယ်။

မိုဆာလက်က တူရကီကလပ်အသင်းနဲ့အတူ ၂၀၂၈ ခုနှစ်၊ နွေရာသီအထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားလိမ့်မယ်လို့ သိရပါတယ်။ ထရက်ဇွန်စပေါအသင်းကလည်း မကြာခင်၊ တူရကီနိုင်ငံဆီ မိုဆာလက် ရောက်ရှိလာလိမ့်မယ်လို့ ထုတ်ပြန်ထားပါတယ်။

"ကျွန်တော်တို့နဲ့ အပြောင်းအရွှေ့ကိစ္စအတွက် ညှိနှိုင်းနေတဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားမိုဆာလက်က သြဂုတ် ၅ ရက်၊ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာ အစ္စတန်ဘူအာတာတပ်ခ် လေဆိပ်ဆီ ရောက်ရှိလာပါလိမ့်မယ်" လို့ ထရက်ဇွန်စပေါအသင်းက ရေးသားထားပါတယ်။

"သူက အဲဒီနေ့၊ ညနေပိုင်းမှာပဲ ထရတ်ဇွန်မြို့ဆီ ဆက်လက်ရောက်ရှိလာပါလိမ့်မယ်။ သူ့ကို ကြိုဆိုမယ့် အစီအစဉ်တွေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အသင်းရဲ့ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းတွေမှတဆင့် အချိန်နဲ့တစ်ပြေးညီ အသိပေးသွားပါမယ်" လို့လည်း ဆိုပါတယ်။