The network connection is lost.

Banner Image

အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ချဲလ်ဆီးကစားသမားဘ၀ ပြီးဆုံးသွားပြီလို့ ပီတစ်ပြောကြား

ချဲလ်ဆီးနဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း အီမန်နျူရယ်ပီတစ်က အန်ဇိုဖာနန်ဒက်ဇ်ရဲ့အခြေအနေနဲ့ပတ်သက်လို့ ချဲလ်ဆီးမှထွက်ခွာရဖို့ နီးစပ်နေပြီလို့ ဆိုပါတယ်။

စပိန်ကို ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံခဲ့ရတဲ့ အန်ဇိုဖာနန်ဒက်ဇ်က ပွဲစဉ်အပြီးမှာတော့ အာဂျင်တီးနားပရိသတ်တွေဆီ ပြန်လည်တောင်းပန်ထားပါတယ်။

ဒါ့အပြင် အန်ဇိုဖာနန်ဒက်ဇ်က အင်္ဂလန်ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီးမှာလည်း Oasis ရဲ့ "Wonderwall" သီချင်းနဲ့အတူ အင်္ဂလန်အသင်းသားတွေနဲ့ သူ့ရဲ့ ချယ်လ်ဆီးအသင်းဖော်တွေကို လှောင်ပြောင်ရယ်မောနေတဲ့ ဗီဒီယိုကို Instagram မှာ တင်ခဲ့ပါသေးတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားက ချဲလ်ဆီးဆီ ပြန်လည်ရောက်ရှိချိန် အေးစက်စက်ကြိုဆိုမှုနဲ့ပဲ ရင်ဆိုင်ရဖို့ရှိသလို အခုနွေရာသီ၊ ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေလို့ အသင်းဘက်က သူ့ရဲ့အနာဂတ်ပတ်သတ်ပြီး ဆုံးဖြတ်ချက် ချမှတ်သွားရပါတော့မယ်။

Mr Gamble နဲ့အင်တာဗျူးမှာ ပီတစ်က အန်ဇိုရဲ့အနီကတ်နဲ့ပတ်သက်လို့ သည်းခံနေရင်းမှ ပေါက်ကွဲထွက်လာတဲ့ ဗုံးအမျိုးအစားဖြစ်ပြီး ကစားသမားကိုယ်တိုင်လည်း လာလီဂါဆီ ပြောင်းရွှေ့ဖို့ကိုပဲ မျက်စိကျနေတယ်လို့ ပြောခဲ့ပါတယ်။

"ချဲလ်ဆီးမှာ အန်ဇိုဖာနန်ဒက်ဇ် ဆက်ရှိနေမယ်ဆိုရင် ကျွန်တော် တော်တော်လေး အံ့ဩမိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက အင်္ဂလန်မှာ မနေချင်တော့ဘူးဆိုတာ သိသာနေလို့ပါပဲ။ ကမ္ဘာ့ဖလားပြိုင်ပွဲကာလာ၊ သူ့ရဲ့အပြုအမူတွေကို ကြည့်ရင် ဒါကို သိနိုင်ပါတယ်။ ချဲလ်ဆီးနဲ့ဆက်ဆံရေးဖြတ်တောက်ဖို့ သူ တမင်လုပ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ပီတစ်က ဆိုပါတယ်။

"ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အသင်းမှာ သူ ဆက်မနေချင်တော့ဘူးဆိုတာကို ဘုတ်အဖွဲ့ဆီ သတင်းစကားတွေ အပြင်းအထန် ပေးခဲ့ပြီးပါပြီ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် အကျိုးအတွက် လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။ သူ့ကို လက်လွှတ်လိုက်ဖို့ အချိန်တန်ပါပြီ" လို့ ပီတစ်က ဆက်ပြောပါတယ်။

ဒါ့အပြင် "အန်ဇိုဖာနန်ဒက်ဇ်က ချဲလ်ဆီးအပေါ် လုံး၀ဂရုမစိုက်ပါဘူး။ ကူကူရယ်လာတောင် အသင်းအပေါ် အများကြီးဂရုစိုက်ခဲ့ပါတယ်" လို့လည်း နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။

အင်္ဂလန်နဲ့ပွဲစဉ်အတွင်း အန်ဇိုဖာနန်ဒက်ရဲ့ချေပဂိုးသွင်းယူမှုအပေါ် ချဲလ်ဆီးအသင်းက ဂုဏ်ပြုပေးခဲ့ပေမဲ့ ပြင်းထန်တဲ့ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် ဒီပို့စ်ကို ပြန်လည်ဖြုတ်ချခဲ့ပါတယ်။ အခုအခါမှာတော့ အန်ဇိုဖာနန်ဒက်ဇ်ကို ထွက်ခွာခွင့်ပေးလိုက်ခြင်းသာ ရှေ့ဆက်ဖို့အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။