The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်နောက်ခံလူလာခရော့စ်ကို ခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းနေတဲ့ ချဲလ်ဆီး

ခရစ္စတယ်ပဲလေ့စ်နဲ့ ပြင်သစ်လက်ရွေးစင်အသင်းဗဟိုနောက်ခံလူလာခရော့စ်ကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်း အရှိန်မြှင့်ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၆ နှစ်အရွယ်လာခရော့စ်က ပရီးမီးယားလိဂ်အတွေ့အကြုံရှိ ဗဟိုခံစစ်မှူးတစ်ဦး ရှာဖွေနေတဲ့ ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်တစ်ခုဖြစ်နေတာ လအနည်းငယ် ကြာမြင့်နေပါပြီ။

BBC Sport သတင်းထောက် ဆာမီမော့ဘယ်လ်ရဲ့အဆိုအရ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် နည်းပြဇာဘီအလွန်ဆိုရဲ့အသင်းက လာခရော့စ်ကိုခေါ်ယူဖို့ အပြောင်းအရွှေ့ကိစ္စတွေ အရှိန်မြှင့်လုပ်ဆောင်သွားတော့မယ်လို့ သိရပါတယ်။

အခုအပြောင်းအရွှေ့ကိစ္စကို အသင်းပိုင်ရှင်တွေကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ဆွေးနွေးနေပြီး နောက်ဆုံးဆွေးနွေးမှုတွေကလည်း "အပြုသဘောဆောင်တဲ့" အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

ပဲလေ့စ်ဘက်ကတော့ လာခရော့စ်ကို အသင်းမှာ ဆက်ထိန်းထားချင်ပြီး စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ အသင်းပြောင်းဖို့ပဲ ဆုံးဖြတ်ထားပုံရပါတယ်။

ပဲလေ့စ်က သူတို့ရဲ့ဗဟိုခံစစ်မှူးအတွက် အနည်းဆုံးပေါင်သန်း ၆၀ ဝန်းကျင် အလိုရှိနေပြီး လာခရော့စ်နေရာမှာ အစားထိုးနိုင်မယ့်ကစားသမားတွေကိုလည်း စတင်ရှာဖွေနေပါပြီ။ 

လာခရော့စ်ရဲ့အပြောင်းအရွှေ့ကိစ္စသာ အမှန်တကယ်ဖြစ်မြောက်လာမယ်ဆိုရင် အီတာလျံကလပ် ကိုမိုရဲ့စိတ်ဝင်စားမှုရရှိထားတဲ့ ချာလိုဘာရဲ့အနာဂတ်က မရေမရာ ဖြစ်လာနိုင်ပါတယ်။