The network connection is lost.

Banner Image

အာဆင်နယ်ကြယ်ပွင့် လီအန်ဒရို ထရိုဆက်ကို ယူရို ၂၀ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဘက်ဆစ်တပ်စ် အတည်ပြု

ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား ဘယ်လ်ဂျီယံလက်ရွေးစင် ထရိုဆက်ဟာ တူရကီကလပ် ဘက်ဆစ်တပ်စ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂါနေ့မွန်းလွဲပိုင်းမှာ ဘက်ဆစ်တပ်စ်အသင်းက ထရိုဆက်ကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သလို၊ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဘင် ဂျေကော့ဘ်စ်ကလည်း ထရိုဆက်ဟာ အပိုဆုကြေး အပါအဝင် စုစုပေါင်း ယူရို ၂၀ သန်း (၁၈ သန်း + ၂ သန်း) နဲ့ (၃ နှစ် + သက်တမ်းတိုး ၁ နှစ်) စာချုပ်ချုပ်ဆိုဖို့ နှစ်ဖက်စလုံး သဘောတူညီမှု ရရှိခဲ့ကြတာဖြစ်တယ်လို့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘက်ဆစ်တပ်စ်အသင်းက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထရိုဆက်ရဲ့ အမှတ်အသားဖြစ်တဲ့ မှန်ပြောင်းကြည့်ပြီး အောင်ပွဲခံတဲ့ ဗီဒီယိုလေးနဲ့ မိတ်ဆက်ခဲ့ပြီးနောက်၊ အာဆင်နယ်အသင်းဘက်ကလည်း ထရိုဆက်ကို အပြီးသတ်ရောင်းချလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့အတွက် အသက် ၃၁ နှစ်အရွယ် ထရိုဆက်ကို တူရကီစူပါလိဂ်ကလပ်ဆီ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုခံယူဖို့နဲ့ လိုအပ်တဲ့လုပ်ငန်းစဉ်တွေ အပြီးသတ်နိုင်ဖို့ အစ္စတန်ဘူလ်မြို့ကို သွားရောက်ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ထရိုဆက်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ဘရိုက်တန်အသင်းကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး၊ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၇၄ ပွဲ ကစားပေးခဲ့ရာမှာ ၃၆ ဂေါလ်သွင်းယူပြီး ဂေါလ်ဖန်တီးမှု ၃၄ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သူပါ။

အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက ဂန်းနားတို့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ လမ်းကြောင်းမှာ ထရိုဆက်က ပြိုင်ပွဲစုံ ၅၀ ပွဲ ကစားပေးခဲ့ပြီး ၈ ဂေါလ်သွင်း၊ ၁၁ ဂေါလ် ဖန်တီးပေးကာ အသင်းအတွက် အဓိကအားထားခဲ့ရသူ ဖြစ်ပါတယ်။

အခုလို ထရိုဆက်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဘက်ဆစ်တပ်စ်ပရိသတ်တွေက လူမှုကွန်ရက်ပေါ်မှာ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပြီး၊ ထရိုဆက်အနေနဲ့လည်း လာမယ့်နှစ်တွေမှာ တူရကီစူပါလိဂ်ပြိုင်ပွဲဆီ ပြောင်းရွှေ့ပြီး သူ့ရဲ့အရည်အချင်းတွေကို ဆက်လက်သက်သေပြသွားဦးမှာ ဖြစ်ပါတယ်။