The network connection is lost.

Banner Image

အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အဓိက အပြောင်းအရွှေ့ပစ်မှတ် ဖြစ်လာတဲ့ လီဗာပူးဂန္ထဝင် မိုဟာမက်ဆာလက်

အက်သလက်တီကို မက်ဒရစ်အသင်းက လီဗာပူးတိုက်စစ်မှူးဟောင်း မိုဟာမက်ဆာလက်ကို သူတို့ရဲ့ နံပါတ်တစ် အပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သတင်းတွေအရ သိရပါတယ်။

လက်ရှိမှာ အီဂျစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နေတဲ့ ဆာလက်ဟာ ပြိုင်ပွဲပြီးဆုံးတာနဲ့ အသင်းသစ်တစ်သင်းကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာလက်ဟာ လီဗာပူးအသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီး ၄၄၂ ပွဲမှာ ၂၅၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ကာ အခုအခါမှာတော့ အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် တရားဝင် အလွတ်အေးဂျင့်တစ်ဦး ဖြစ်နေပြီ ဖြစ်ပါတယ်။

စပိန်သတင်းဌာန Fichajes ရဲ့ ဖော်ပြချက်အရ အက်သလက်တီကိုဟာ ဒီဂန္ထဝင်တိုက်စစ်မှူးကို သူတို့ရဲ့ ဒီနွေရာသီအတွက် အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။

ဒီယေဂို ဆီမြွန်နီရဲ့ အသင်းဟာ အော်လန်ဒိုစီးတီးကို ပြောင်းရွှေ့သွားတဲ့ အန်တွမ်နီ ဂရီးဇ်မန်းရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဆာလက်ဟာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

တစ်ခုတည်းသော အခက်အခဲ ဖြစ်လာနိုင်တာကတော့ ဆာလက်ရဲ့ လုပ်ခလစာပဲ ဖြစ်ပါတယ်။ အလွတ်အေးဂျင့်တစ်ဦး ဖြစ်နေပေမယ့်လည်း အက်သလက်တီကိုအနေနဲ့ ဆာလက်ကို အသင်းဆီ ခေါ်ယူနိုင်ဖို့အတွက် ငွေကြေးအမြောက်အမြား အကုန်အကျခံရလိမ့်မယ်လို့ သိရပါတယ်။