The network connection is lost.

Banner Image

လီဗာပူးဂန္ထဝင်မိုဟာမက်ဆာလက်ကို အဓိကအပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ အက်သလက်တီကိုမက်ဒရစ်

အက်သလက်တီကိုမက်ဒရစ်အသင်းက လီဗာပူးလ်တိုက်စစ်မှူးဟောင်းမိုဟာမက်ဆာလက်ကို သူတို့ရဲ့ အဓိကအပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။

လက်ရှိမှာ အီဂျစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဆီရောက်ရှိနေတဲ့ မိုဆာလက်က အခုနွေရာသီမှာ နောက်ထပ်အခြေချရမယ့်ကလပ်အသင်းသစ် ရှာဖွေသွားဖို့ ရှိနေပါတယ်။

အသက် ၃၄ နှစ်အရွယ် မိုဆာလက်က လီဗာပူးမှာ ကိုးနှစ်ကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ ၄၄၂ ပွဲကစား၊ ၂၅၇ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ အခုတော့ သူက လီဗာပူးအသင်းနဲ့ လမ်းခွဲထွက်ခွာလာပြီး ကလပ်အသင်းလက်မဲ့ကစားသမားတစ်ဦး ဖြစ်နေပါတယ်။

စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Fichajes ရဲ့ဖော်ပြချက်အရ အက်သလက်တီကိုမက်ဒရစ်က ဒီဂန္ထဝင်တိုက်စစ်မှူးကို ဒီနွေရာသီအတွက် သူတို့ရဲ့အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

နည်းပြဒီယေဂိုဆီမြွန်နီရဲ့အသင်းက အော်လန်ဒိုစီးတီးအသင်းဆီ ပြောင်းရွှေ့သွားတဲ့ ဂရစ်ဇ်မန်းနေရာမှာ အစားထိုးဖို့အတွက် မိုဆာလက်ကို အသင့်တော်ဆုံးသူလို့ ရှုမြင်နေပါတယ်။

ဒါပေမဲ့ မိုဆာလက်ရဲ့လစာနှုန်းထားက အတားအဆီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရရှိနိုင်မယ်ဆိုပေမဲ့လည်း မိုဆာလက်ကို အသင်းဆီ ခေါ်ယူနိုင်ဖို့အတွက် အက်သလက်တီကိုမက်ဒရစ်က အတော်လေးမြင့်မားတဲ့ လစာငွေနှုန်းထားကို ပေးချေရဖွယ် ရှိနေပါတယ်။