The network connection is lost.

Banner Image

စိတ်ပျက်စရာကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် အလီဂျန်ဒရိုဂါနာချိုကို အရောင်းစာရင်းသွင်းလိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ မန်ယူအသင်းဆီကနေ ခေါ်ယူခဲ့ပြီး တစ်နှစ်အကြာမှာပဲ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကို အရောင်းစာရင်းတင်လိုက်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလတုန်းက အသက် ၂၂ နှစ်အရွယ် အလီဂျန်ဒရိုဂါနာချိုကို ခေါ်ယူဖို့ အတော်လေး ကြိုးစားခဲ့ရတာဖြစ်ပြီး နောက်ဆုံးမှာတော့ မန်ယူအသင်းဆီကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၀ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။

ဒါပေမဲ့ အလီဂျန်ဒရိုဂါနာချိုဟာ တခြား ချဲလ်ဆီးကြယ်ပွင့်ကစားသမားတွေနည်းတူ ၂၀၂၅-၂၆ ရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၄၃ ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

သတင်းထောက် ဘန်ဂျေးကော့စ်ရဲ့ အဆိုအရ ချဲလ်ဆီးအသင်းဟာ အခုအခါမှာတော့ ဒီလူငယ်တောင်ပံကစားသမားအတွက် ထပ်ပြီး အရှုံးမခံချင်တော့တာကြောင့် သူ့ကို အရောင်းစာရင်းထဲ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။

ကလပ်အသင်းဘက်ကလည်း အငှားချဖို့ အစီအစဉ်မရှိဘူးလို့ သိရပြီး ဘန်ဂျေးကော့စ်ကတော့ အသင်းအတော်များများက အလီဂျန်ဒရိုဂါနာချိုကို စိတ်ဝင်စားနေကြတယ်လို့ ထပ်လောင်းပြောကြားထားပါတယ်။