The network connection is lost.

Banner Image

ဂါနာနဲ့ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ အင်္ဂလန်

အင်္ဂလန် ဝ-၀ ဂါနာ (ပွဲပြီးရလဒ်)

အုပ်စု(L)ရဲ့ ဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံမှုမှာ အင်္ဂလန်နဲ့ ဂါနာတို့ တစ်မှတ်စီခွဲဝေယူခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ပွဲချိန်တလျှောက်လုံး အင်္ဂလန်က ပြိုင်ဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ထိုးဖောက်ကစားခဲ့ပေမဲ့ အဆုံးသတ်ပိုင်းအားနည်းချက်အပြင် ဂိုးသမားဘင်ဂျမင်အဆာယီဦးဆောင်တဲ့ ဂါနာအသင်းခံစစ်ပိုင်းကလည်း အကောင်းဆုံးပုံစံပြသနိုင်ခဲ့လို့ သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အင်္ဂလန်ရော၊ ဂါနာပါ နှစ်ပွဲကစားပြီးချိန် လေးမှတ်ရရှိထားမှုနဲ့အတူ ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။