The network connection is lost.

Banner Image

နယူးကာဆယ်ကိုကျော်ဖြတ်ပြီး ဗစ်တာမူနော့ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ လီဗာပူး

စပိန်လူငယ်ကြယ်ပွင့်ဗစ်တာမူနော့ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ နယူးကာဆယ်ကို နောက်ကောက်ချကာ အပြောင်းအရွှေ့ပြိုင်ပွဲမှာ ကြားဖြတ်အောင်ပွဲခံဖို့အတွက် လီဗာပူးအသင်း ပြင်ဆင်လာတယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ လာလီဂါကလပ် အိုဆာဆူနာအသင်းအတွက် ၃၆ ပွဲကစား၊ ခုနစ်သွင်းယူကာ ဂိုးဖန်တီးမှုငါးကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

အခုလိုစွမ်းဆောင်ရည်တွေကြောင့် မူနော့ဇ်က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းလူစာရင်းမှာ ရွေးချယ်ခံရပြီး ယူရိုသန်း ၃၀ တန် သဘောတူညီမှုဖြင့် နယူးကာဆယ်ဆီပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေခဲ့ပုံ ရပါတယ်။

သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ လတ်တလောဖော်ပြချက်အရ လီဗာပူးအသင်းက ဒီအပြောင်းအရွှေ့ပြိုင်ပွဲမှာ ကြားဖြတ်ဝင်ရောက်လာပြီး စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၄၀ အထိ ပေးချေသွားမယ်လို့ သိရပါတယ်။

ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိထားပြီးဖြစ်လို့ မူနော့ဇ်က အီရာအိုလာရဲ့အသင်းအတွက် တိုက်စစ်ပို်ငးအားဖြည့်မှုတစ်ခု ဖြစ်လာတော့မယ်လို့လည်း သိရပါတယ်။