The network connection is lost.

Banner Image

အဓမ္မပြုကျင့်မှုအတွက် ပြစ်ဒဏ်စီရင်ချက်အပေါ် အယူခံဝင်သွားမယ်လို့ ဆီဗီလာတိုက်စစ်မှူးရာဖာမီယာကတိပြု

လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ထိခိုက်နာကျင်စေမှုတို့နဲ့ စွဲချက်တင်ပြစ်ဒဏ်စီရင်ခံရပြီးနောက် ရာဖာမီယာက ထောင်ဒဏ် ၈ နှစ်ခွဲပြစ်ဒဏ်ချမှတ်ခံရမှုအပေါ် ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဆီဗီလာအသင်းတိုက်စစ်မှူးက သူ့မှာ အပြစ်မရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပြီး တရားရုံးရဲ့ဆုံးဖြတ်ချက်အပေါ် အယူခံဝင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒီစီရင်ချက်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ရာဖာမီယာရဲ့နေအိမ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုနဲ့ပတ်သက်လို့ ဗလန်စီယာပြည်နယ်တရားရုံးက အခုစီရင်ချက်ကို ချမှတ်ခဲ့တာပါ။

Instagram မှတဆင့်ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ရာဖာမီယာက ဒီစီရင်ချက်ကို လက်ခံမပေးနိုင်ဘူးလို့ ပြောကြားခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း သူ့ရဲ့အကျိုးတော်ဆောင်ရှေ့နေအဖွဲ့မှတဆင့် တုံ့ပြန်ဆောင်ရွက်သွားဖို့ ရှိသလို တရားမျှတမှုအပေါ် ယုံကြည်ချက် အပြည့်အ၀ရှိနေဆဲပဲလို့ ဖော်ပြထားပါတယ်။

တရားရုံးကတော့ နစ်နာသူအမျိုးသမီးရဲ့အသေးစိတ်ထွက်ဆိုချက်တွေအပေါ် အခြေခံပြီး မီယာနဲ့ နိုက်ကလပ်တစ်ခုမှာ တွေ့ဆုံခဲ့ပြီးနောက် သူ့ရဲ့နေအိမ်သို့ ပြန်လာစဉ် ဒီအမျိုးသမီးကို စော်ကားခဲ့ခြင်းဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

တရားရုံးက ရာဖာမီအာကို ထောင်ဒဏ်နဲ့အတူ နစ်နာသူအမျိုးသမီးအတွက် နစ်နာကြေးပေးလျော်ဖို့အပြင် ကန့်သတ်တားဆီးမိန့်လည်း ချမှတ်ခဲ့ပါတယ်။