The network connection is lost.

Banner Image

မာကိုဆေးလ်ဗားရဲ့နေရာမှာ အစားထိုးဖို့အတွက် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းအာဘီလိုအာနဲ့ ဆွေးနွေးနေတဲ့ ဖူလ်ဟမ်

ဖူလ်ဟမ်အသင်းက မာကိုဆေးလ်ဗားရဲ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းအာဘီလိုအာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၄၈ နှစ်အရွယ်ဆေးလ်ဗားက ကရာဗန်ကော့တေ့ချ်ကွင်းမှာ ငါးနှစ်ကြာဖြတ်သန်းမှုကို တရားဝင်အဆုံးသတ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့တော့မယ့် မော်ရင်ဟိုရဲ့နေရာမှာ အစားထိုးဖို့ ဘင်ဖီကာအသင်းဆီ ပြောင်းရွှေ့သွားပါတော့မယ်။

The Athletic ရဲ့ဖော်ပြချက်အရ ဖူလ်ဟမ်အသင်းက ပေါ်တူဂီလူမျိုးနည်းပြရဲ့နေရာမှာ အစားထိုးဖို့အတွက် အသက်-၄၃ နှစ်အရွယ် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အံ့ဖွယ်ဆုံးဖြတ်ချက်နဲ့အတူ အာဘီလိုအာဆီ နေရာဖယ်ပေးခဲ့ရတဲ့ အလွန်ဆိုက အခုအချိန်မှာတော့ ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာပါတယ်။

အာဘီလိုအာကိုယ်တိုင်လည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့အခြေအနေကိုကောင်းမွန်အောင် မထိန်းကျောင်းနိုင်ခဲ့လို့ ဇွန် ၉ ရက်မှာ ရာထူးမှထုတ်ပယ်ခံခဲ့ရပါတယ်။