The network connection is lost.

Banner Image

ဟာရီဝီလ်ဆင်ကို စာချုပ်သစ်ကမ်းလှမ်းထားလို့ ဖူလ်ဟမ်အသင်းကနေ ထွက်ခွာတော့မယ့် ရာအူးလ်ဂျီမီနက်ဇ်

တိုက်စစ်မှူး ရာအူးလ်ဂျီမီနက်ဇ်ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ ဖူလ်ဟမ်အသင်းက အတည်ပြုလိုက်ပါတယ်။ ဒါပေမဲ့ သူတို့က ဟာရီဝီလ်ဆင်ကို ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

အသက် ၃၅ နှစ်အရွယ် ဂျီမီနက်ဇ်ဟာ ၂၀၂၃ ခုနှစ်က ဝုလ်ဗ်အသင်းကနေ ဖူလ်ဟမ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၁၁၅ ပွဲ ကစားပေးခဲ့ရာမှာ ၃၁ ဂိုးအထိ သွင်းယူပေးထားတဲ့ အသင်းရဲ့ အဓိကကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခု ဇွန်လ ၃၀ ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ဒီမက္ကဆီကိုလက်ရွေးစင်ကစားသမားဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာတော့မယ်လို့ ပရီမီယာလိဂ်ကလပ် ဖူလ်ဟမ်က အတည်ပြုခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမား ဝီလ်ဆင်ကိုတော့ ဆက်ထိန်းထားချင်နေပြီး ၄၁ ပွဲမှာ ၁၁ ဂိုးသွင်း၊ ၈ ဂိုး ဖန်တီးပေးထားတဲ့ သူ့ကို စာချုပ်သစ်တစ်ခု ကမ်းလှမ်းထားပါတယ်။

အသက် ၂၉ နှစ်အရွယ် ဝီလ်ဆင်အနေနဲ့ ဒီစာချုပ်သစ်ကို လက်မှတ်ရေးထိုးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပြီး အက်စတွန်ဗီလာအသင်းကလည်း သူ့ကို ခေါ်ယူဖို့ အခွင့်အရေးစောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။