The network connection is lost.

Banner Image

ချဲလ်ဆီးမှာ အဆင်မပြေဖြစ်နေပေမဲ့ ဂါနာချိုကို ခေါ်ယူဖို့ အီတလီစီးရီးအေကလပ် ၄ သင်း စိတ်ဝင်စားနေ

မန်ချက်စတာယူနိုက်တက်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာပြီး တစ်နှစ်အကြာမှာပဲ အာဂျင်တီးနားကြယ်ပွင့် အလက်ဟန်ဒရို ဂါနာချိုဟာ ချဲလ်ဆီးအသင်းကနေ အမြန်ဆုံးထွက်ခွာရဖို့ ရှိနေပါတယ်။

 လန်ဒန်မှာ ကုန်ဆုံးခဲ့တဲ့ ပထမဆုံးရာသီမှာ ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ချဲလ်ဆီးအသင်းက သူ့အတွက် ကမ်းလှမ်းမှုတွေကို စတင်စဉ်းစားနေပြီ ဖြစ်ပါတယ်။

အာဂျင်တီးနား တောင်ပံကစားသမားဟာ မန်ယူအသင်းအတွက် အနာဂတ်မှာ ပြန်လည်ရောင်းချရရင် ၁၀ ရာခိုင်နှုန်း ရရှိမယ့် စာချုပ်အပါအဝင် ယူရို ၄၇ သန်းဝန်းကျင်နဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကို ရောက်ရှိလာခဲ့တာဖြစ်ပေမဲ့ သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ပြိုင်ပွဲစုံမှာ ဂါနာချိုဟာ သွင်းဂိုး ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အဲဒီအထဲမှာ ပရီမီယာလိဂ်သွင်းဂိုး ၁ ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၁ ဂိုးသာ ပါဝင်ခဲ့ပါတယ်။

ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့်လည်း သူဟာ အသင်းရဲ့ လူစာရင်းမှာ ဦးစားပေးအဆင့် လျော့ကျသွားခဲ့ရပါတယ်။

မျှော်လင့်သလောက် ဖြစ်မလာခဲ့တဲ့ ရာသီတစ်ခုအပြီးမှာတော့ အသက် ၂၀ အရွယ်ရှိ ဂါနာချိုကို ရောင်းထုတ်ဖို့အတွက် ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေက လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။

 အင်္ဂလန်မှာ ရုန်းကန်နေရပေမဲ့လည်း ဂါနာချိုကို ခေါ်ယူဖို့ အီတလီက ထိပ်တန်းကလပ်အသင်းတော်တော်များများက စောင့်ကြည့်နေကြပြီး စိတ်ဝင်စားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။