The network connection is lost.

Banner Image

လီဗာပူးကွင်းလယ်ကစားသမားကာတစ်ဂျုံးစ်ကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်ကြိုးပမ်းလာတဲ့ အင်တာမီလန်

အင်တာမီလန်အသင်းက နွေရာသီအပြောင်းအရွှေ့အတွက် လီဗာပူးနဲ့ အဆင့်မြင့်ဆွေးနွေးလာပြီးနောက် ကာတစ်ဂျုံးစ်ကိုခေါ်ယူနိုင်ရေးကြိုးပမ်းမှုအတွက် အရှိန်အဟုန်မြှင့်တင်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြည်တွင်းဆုဖလားနှစ်လုံးဆွတ်ခူးနိုင်ခဲ့တဲ့ စီးရီးအေချန်ပီယံတွေက သူတို့ရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စိတ်အားထက်သန်နေပြီး နွေရာသီကာလအစောပိုင်းမှာတင် သဘောတူညီချက်တစ်ခု အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

အီတာလျံလူမျိုးအပြောင်းအရွှေ့ဂုရုကြီးဒီမာဇီယိုရဲ့အဆိုအရ အင်တာမီလန်အားကစားဒါရိုက်တာအူစီလီယိုက အင်္ဂလန်ကွင်းလယ်လူရဲ့အနာဂတ်အတွက် ဆွေးနွေးနိုင်ဖို့ လီဗာပူးအားကစားဒါရိုက်တာရစ်ချတ်ဟုဂျ်နဲ့ လတ်တလောတွေ့ဆုံဆွေးနွေးထားတယ်လို့ သိရပါတယ်။

ကာတစ်ဂျုံးစ်ရဲ့လက်ရှိစာချုပ်သက်တမ်းက တစ်နှစ်သာကျန်ရှိတော့ပြီး ကစားသမားကိုယ်တိုင်လည်း အန်ဖီးလ်မှထွက်ခွာဖို့ စဉ်းစာနေလို့ စာချုပ်သက်တမ်းတိုးမြှင့်ရေးဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၄၉ ပွဲအထိ ပါဝင်ကစားခဲ့တဲ့ အသက်-၂၅ နှစ်အရွယ်မာဆေးဆိုဒ်ဒေသခံက လီဗာပူးအသင်းရဲ့ဒဏ်ရာပြဿနာတွေကြောင့် ကွင်းလယ်ပိုင်းတင်မက အခြားနေရာတွေကိုပါ အားဖြည့်ကူညီကစားပေးခဲ့ပါတယ်။

ဒါပေမဲ့ ကာတစ်ဂျုံးစ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှာ မပါဝင်နိုင်ခဲ့လို့ ပွဲကစားချိန်အာမခံချက် လိုချင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အီတလီဆီပြောင်းရွှေ့မှုကို ယူရို-၂၀၂၈ မတိုင်ခင် သူ့ရဲ့လက်ရွေးစင်ကစားသမားဘ၀ရည်မှန်းချက် ပြန်အသက်သွင်းနိုင်ဖို့ အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။