The network connection is lost.

Banner Image

အလွန်ဆိုရဲ့ အရေးပါဆုံး ချဲလ်ဆီးကစားသမားတစ်ဦးကို ခေါ်ယူဖို့ အက်သလက်တီကိုမက်ဒရစ် ပစ်မှတ်ထား

ဇာဘီအလွန်ဆိုက လာမယ့်ဇူလိုင် ၁ ရက်မှာ ချဲလ်ဆီးအသင်းကို တရားဝင်စတင်တာဝန်ယူဖို့ရှိနေပြီး ကူကူရယ်လာ အပါအဝင် သူ့ရဲ့ အကောင်းဆုံးကစားသမားတွေကို အသင်းမှာ ဆက်ထိန်းထားဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။

စပိန်လူမျိုးနည်းပြအလွန်ဆိုက ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ လေးနှစ်သက်တမ်းရှိတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒါက ချဲလ်ဆီးပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းမွန်တဲ့ ခေတ်သစ်တစ်ခုအစပြုမှုလည်း ဖြစ်ပါတယ်။

လက်ရှိစျေးကွက်အတွင်း ချဲလ်ဆီးအတွက် အကောင်းဆုံးနဲ့အသင့်တော်ဆုံး နည်းပြတစ်ဦးဖြစ်တဲ့ အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ခဲ့လို့ အသင်းဘက်မှလည်း အတက်နိုင်ဆုံးပံ့ပိုကူညီပေးသွားဖို့ အသင့်ရှိနေပါတယ်။

ဒီလိုပံ့ပိုးမှုတွေအနက် အသင်းရဲ့ အမာခံကစားသမားတွေကို အခြားကလပ်အသင်းတွေ လာရောက်ကမ်းလှမ်းမှုမှ ကာကွယ်ပေးဖို့လည်း ပါဝင်ပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ အက်သလက်တီကို မက်ဒရစ်အသင်းက ဒီနွေရာသီမှာ ကူကူရယ်လာကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းကလည်း ကူကူရယ်လာအပေါ် စိတ်ဝင်စားမှုရှိနေဆဲဖြစ်ပေမဲ့ သူတို့ကတော့ အယ်လ်ဟီလယ်အသင်းမှ အငှားလာကစားနေတဲ့ ကန်ဆယ်လိုကိုပဲ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားပါတယ်။

ချဲလ်ဆီးကျောနံပါတ် ၃ ကစားသမားက အသင်းနဲ့ ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်း ရှိနေပြီး အလွန်ဆိုကိုယ်တိုင်လည်း သူ့အတွက် အရေးပါဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ကူကူရယ်လာကို လက်လွှတ်မခံဘဲ ဆက်ထိန်းထားချင်မယ်ဆိုတာ သေချာပါတယ်။

အလွန်ဆိုရဲ့အနှစ်သက်ဆုံး ၃-၄-၂-၁ ကစားကွက်မှာ ကူကူရယ်လာက ဘယ်တောင်ပံခံစစ်ကစားသမား (left wing-back) နေရာအတွက် ကွက်တိဖြစ်နေလို့ သူ့ကို ရောင်းချသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အသက် ၂၇ နှစ်အရွယ်ကူကူရယ်လာဟာ အခုရာသီ၊ ပရီးမီးယားလိဂ်မှာ ၃၃ ပွဲ ကစားထားပြီး ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်ထားပါတယ်။ သူက အဓိကအားဖြင့် ဘယ်နောက်ခံလူအဖြစ် ကစားခဲ့ပေမဲ့ အလွန်ဆိုရဲ့ လက်အောက်မှာတော့ ချဲလ်ဆီးအတွက် အံ့အားသင့်စရာကောင်းတဲ့ တိုက်စစ်ဆင်နိုင်စွမ်းတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။