The network connection is lost.

Banner Image

မိုဆာလက်ရဲ့လူမှုကွန်ရက်ပို့စ်အပေါ် တုံ့ပြန်ပုံကြောင့် ကာတစ်ဂျုံးစ်ကို လီဗာပူးဂန္ထဝင်ကာရေဂါ ဝေဖန်

ပြီးခဲ့တဲ့သောကြာနေ့၊ အက်စတွန်ဗီလာကို ရှုံးနိမ့်ပြီးနောက် မိုဆာလက်ဖော်ပြခဲ့တဲ့ အငြင်းပွားဖွယ်ဆိုရှယ်မီဒီယာပို့စ်အပေါ် တုံ့ပြန်ခဲ့ပုံနဲ့ပတ်သက်လို့ ကာတစ်ဂျုံးစ်ကို ကာရေဂါက ဝေဖန်လိုက်ပါတယ်။

အခုဘောလုံးရာသီကုန်၊ လီဗာပူးမှ ထွက်ခွာတော့မယ့် အီဂျစ်တိုက်စစ်မှူးက ဗီလာပတ်ခ်ကွင်းရှုံးပွဲအပြီး အွန်လိုင်းမှတဆင့် ကလပ်အသင်းနဲ့ နည်းပြအန်းစလော့တို့ကို ရည်ရွယ်ပုံရတဲ့ ဝေဖန်စာတွေ မျှဝေခဲ့ပါတယ်။

ကာတစ်ဂျုံးစ်က မိုဆာလက်ရဲ့ပို့စ်အောက်မှာ လက်ခုပ်တီးနေတဲ့ အီမိုဂျီနဲ့တုံ့ပြန်ခဲ့လို့ လူအများအာရုံစိုက်ခြင်း ခံခဲ့ရပြီး အသင်းဖော်ဖြစ်သူအီကီတီကီကိုယ်တိုင်လည်း လက်ဆွဲနှုတ်ဆက်တဲ့ အီမိုဂျီနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ကာရေဂါကတော့ ဒီလိုကိစ္စမျိုးမှာ လူသိရှင်ကြား ပါဝင်ပတ်သက်တာမျိုးကို ကွင်းလယ်လူကာတစ်ဂျုံးစ်ကိုယ်တိုင် ရှောင်ကြဉ်သင့်တယ်လို့ ယူဆနေပါတယ်။

လီဗာပူးနောက်ခံလူဟောင်းကာရေဂါက The Overlap Stick to Football ပေါ့ဒ်ကတ်စ်မှာ ကာတစ်ဂျုံးစ်ရဲ့ တုံ့ပြန်မှုအပေါ် မေးခွန်းထုတ်ဝေဖန်ခဲ့ပါတယ်။

"ကာတစ်ဂျုံးစ်က အဲ့ဒီပို့စ်မှာ ကွန်မန့်ပေးခဲ့တယ် မဟုတ်လား။ လက်ခုပ်တီးတဲ့ အီမိုဂျီလေးနဲ့ပေါ့။ ဒါက နည်းနည်းတော့ ထူးဆန်းနေတယ်လို့ ကျွန်တော်ထင်တယ်။ 'ဘုရားရေ... အသင်းမှာ ကာတစ်ဂျုံးစ်လို ကစားသမားမျိုးတွေ ရှိနေလို့ပဲ ငါတို့တွေ heavy metal ဘောလုံးကစားဟန်မျိုး မကစားနိုင်တာပေါ့' လို့ဆိုပြီး ကျွန်တော်စဉ်းစားမိပါတယ်" လို့ ကာရေဂါက ပြောပါတယ်။

"ကာတစ်ဂျုံးစ်က ဘောလုံးပေးဖို့အတွက် ဘောလုံးကို ခြောက်ခါလောက် ထိန်းကစားလေ့ရှိပါတယ်။ ကျွန်တော်ကတော့ သူ့ကို ဒီကိစ္စမှာ ဝင်မပါစေချင်ဘူး။ မိုဆာလက်ကတော့ သူလုပ်ချင်တာ သူလုပ်မှာပဲလေ။ သူက ထွက်တော့မှာပဲ။ ကျွန်တော်ကတော့ အဲ့ဒါကို သိပ်စိတ်မဝင်စားပေမဲ့ သူတို့အားလုံး ဆာလာကို အထင်ကြီးလေးစားနေကြတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုလိုတုံ့ပြန်တယ်ဆိုတာတော့ အားလုံးအတွက် မိုက်မဲတဲ့ လုပ်ရပ်လို့ပဲ ကျွန်တော်ထင်ပါတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။