The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ဒေါ့မွန်တို့ တတ်နိုင်ခြင်းမရှိ

ရှေ့လာမယ့်ရာသီအတွက် ရီးရဲလ်မက်ဒရစ်အသင်းက လူငယ်တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာကို ခေါ်ယူဖို့ ဒေါ့မွန်အသင်းက အားသွန်ခွန်စိုက် ကြိုးပမ်းနေပါတယ်။ ဒီလူငယ်ကစားသမားဟာ ဒေါ့မွန်အသင်းအတွက်တော့ မဖြစ်မနေ ခေါ်ယူချင်တဲ့ စိတ်ကူးယဉ်အိပ်မက် ပစ်မှတ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ဟာ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ စတင်ဆွေးနွေးနေပြီဖြစ်သလို ဂျာမနီမြေဟာ ဂါစီယာရဲ့ တိုးတက်မှုအတွက် အကောင်းဆုံး ပတ်ဝန်းကျင်တစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။

စိတ်ဝင်စားမှုတွေ မြင့်တက်နေပေမဲ့လည်း အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးအတွက် လာလီဂါကလပ် ရီးရဲလ်ဘက်က ယူရို သန်း ၆၀ အထိ တန်ဖိုးသတ်မှတ်ထားတာကြောင့် ဆွေးနွေးမှုတွေက ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဂါစီယာရဲ့ စာချုပ်သက်တမ်းကလည်း ၂၀၃၀ အထိ ရှိနေတာပါ။

ထိပ်တန်းအဆင့်မှာ အခြေကျဖို့ ကြိုးစားနေဆဲဖြစ်တဲ့ ကစားသမားတစ်ယောက်အတွက် အခုလို ပြောင်းရွှေ့ကြေးမျိုး ပေးဖို့ ဒေါ့မွန်ဘက်က တွန့်ဆုတ်နေပြီး တခြားနည်းလမ်းတွေကို ရှာဖွေနေပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဘက်က ရွေးချယ်စရာ နည်းလမ်းတချို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့ တစ်ရာသီအငှားနဲ့ စေလွှတ်ဖို့ (သို့မဟုတ်) ပြန်လည်ဝယ်ယူခွင့် (Buy-back clause) နဲ့ နောင်တစ်ချိန် ပြန်လည်ရောင်းချရငွေရဲ့ ရာခိုင်နှုန်းအချို့ (Sell-on percentage) ပါဝင်မယ့် ယူရို ၂၀ သန်းဝန်းကျင်နဲ့ အပြီးသတ်ရောင်းချဖို့ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေါ့မွန်အသင်းအနေနဲ့ သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေကို အလွန်အကျွံ ထိခိုက်မှုမရှိစေဘဲ နှစ်ဦးနှစ်ဖက် ညှိနှိုင်းလို့ရမယ့် အနေအထားမျိုး ရှိမလားဆိုတာကို အလေးအနက် စဉ်းစားနေပါတယ်။