The network connection is lost.

Banner Image

ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု ရရှိခဲ့ပြီးနောက် အာဆင်နယ်ခံစစ်ကို ချီးကျူးလိုက်တဲ့ ရာယာ

ဒေးဗစ်ရာယာက ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့ စုပေါင်းခံစစ်စွမ်းဆောင်ရည်ကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

စပိန်ဂိုးသမားဟာ ဂန်းနားတို့ရဲ့ အံ့အားသင့်စရာကောင်းတဲ့ ရာသီမှာ အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး အသင်းရဲ့ ခံစစ်စည်းကမ်း စနစ်တကျရှိမှုက ဒီရာသီအောင်မြင်မှုတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ သူက ယုံကြည်နေပါတယ်။ တနင်္လာနေ့ညက ကစားခဲ့တဲ့ ဘန်လေနဲ့ပွဲစဉ်အပြီးမှာ ရာယာက တစ်သင်းလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပေးဆပ်ကစားလိုစိတ်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ရဲ့ အသင်းလိုက်ကစားပုံ၊ ခံစစ်ဆင်ပုံတွေအတွက် အရမ်းဂုဏ်ယူသလို ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းဂုဏ်ယူမိပါတယ်။ အသင်းကို အတတ်နိုင်ဆုံး ကူညီပေးချင်ပေမဲ့လည်း ဒီကစားသမားတွေသာမရှိရင် ကျွန်တော်တစ်ယောက်တည်း ဒါမျိုးတွေ လုပ်နိုင်မှာမဟုတ်ပါဘူး" လို့ သူက ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

"ရာသီအစကတည်းက ကျွန်တော်တို့မှာ ခိုင်မာတဲ့ ခံစစ်စွမ်းဆောင်ရည် ရှိခဲ့ပါတယ်။ အခွင့်အရေးတွေ အများကြီးမပေးရဖို့နဲ့ ဂိုးတွေ အများကြီးမပေးရဖို့ စိတ်ဆန္ဒတွေလည်း ရှိခဲ့ကြပါတယ်။ ဒါဟာ လူတိုင်းရဲ့ ကြိုးစားမှုကြောင့်ပါ၊ ပေးဂိုးမရှိတဲ့ပွဲစဉ် (clean sheets) တွေက ကျွန်တော်တို့ကို ပွဲစဉ်အများကြီး အနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။ ပွဲစဉ်တော်တော်များများက တစ်ဂိုးတည်းနဲ့ အနိုင်ရတာမျိုးဖြစ်လို့ ပေးဂိုးမရှိအောင် ထိန်းထားနိုင်မယ်ဆိုရင် ပွဲတွေကို အနိုင်ရဖို့ ပိုလွယ်ကူသွားမှာပါ" လို့ ၎င်းက ဆိုပါတယ်။