The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် ဒမ်ဘီလီရဲ့ဒဏ်ရာအခြေအနေကြောင့် စိုးရိမ်ပူပန်နေရတဲ့ ပီအက်စ်ဂျီ

ပဲရစ် F.C နဲ့ရင်ဆိုင်ရတဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်အတွင်း အဓိကကစားသမားဒမ်ဘီလီ ဒဏ်ရာရရှိသွားလို့ ကစားသမားကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး ပီအက်စ်ဂျီအသင်းက စိုးရိမ်တကြီး စောင့်ကြည့်နေရပါတယ်။

ပဲရစ် F.C ရဲ့အိမ်ကွင်းဆီ သွားရောက်ယှဉ်ပြိုင်ရတဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ အသက်-၂၉ နှစ်အရွယ်တိုက်စစ်မှူးက ခြေထော့နင်းဖြင့် ကွင်းပြင်ပဆီ ထွက်ခွာလာရလို့ နည်းပြလူးဝစ်အင်းရစ်နဲ့အသင်းအတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာခဲ့ပါတယ်။

ပြင်သစ်မှလာတဲ့ အစောပိုင်းသတင်းတွေအရ ဒဏ်ရာအခြေအနေ ပိုမဆိုးသွားအောင် ကြိုတင်ကာကွယ်မှုအဖြစ် လူစားလဲခဲ့တယ်လို့ ဆိုထားပေမဲ့ အာဆင်နယ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ နီးကပ်လာနေလို့ ပီအက်စ်ဂျီအတွက်တော့ စိတ်ပူစရာ ဖြစ်နေပါတယ်။

ပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့ပွဲစဉ်မှာ လန်းစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် အခုရာသီ၊ လီဂူးဝမ်းချန်ပီယံ ဖြစ်လာခဲ့ပြီး ရာသီပိတ်ပွဲစဉ်အဖြစ် ပဲရစ် F.C နဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

ပြင်သစ်ထိပ်သီးကလပ်က လာမယ့်မေ ၃၀ ရက်၊ ဟန်ဂေရီနိုင်ငံရှိ ပွတ်ရှ်ကပ်အားကစားကွင်းမှာ အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဆင်နွှဲရဖို့ရှိနေပြီး လက်ရှိချန်ပီယံဘွဲ့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေပါတယ်။