The network connection is lost.

Banner Image

မန်စီးတီးနောက်ခံလူ ဂျီဗာဒီအောကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေ

ဘိုင်ယန်မြူးနစ် ဂန္ထဝင်ကစားသမား လိုသာမားသီးယပ်စ်က သူ့ရဲ့ကလပ်ဟောင်းဖြစ်တဲ့ ဘိုင်ယန်ဟာ မန်စီးတီးနောက်ခံလူ ဂျီဗာဒီအောကို ခေါ်ယူဖို့အတွက် စုံစမ်းမေးမြန်းမှုတွေ စတင်လုပ်ဆောင်နေပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျီဗာဒီအောဟာ ဒဏ်ရာပြဿနာအချို့ကြောင့် ဒီရာသီမှာ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံမှာ ၂၆ ပွဲသာ ကစားထားနိုင်ပါသေးတယ်။ မားသီးယပ်စ်ရဲ့ အဆိုအရ ဘိုင်ယန်ဟာ ဂျီဗာဒီအောအတွက် ကြီးကျယ်တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်လာစေဖို့ အခြေခံအုတ်မြစ်တွေကို စတင်ချမှတ်နေပြီလို့ သိရပါတယ်။ "ကျွန်တော့်စိတ်ထဲမှာ ကစားသမားတစ်ယောက်ရှိနေပြီး သူ့ကိုခေါ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေ လုပ်နေပြီလို့လည်း ကြားထားပါတယ်" လို့ မားသီးယပ်စ်က Sky သတင်းဌာနမှာ ပြောကြားခဲ့ပါတယ်။ "သူက လိုက်ပ်ဇစ်မှာ ကစားခဲ့ဖူးတဲ့ ဘွန်ဒက်လီဂါကစားသမားဟောင်း တစ်ယောက်ပါ၊ အခုတော့ မန်စီးတီးမှာ ကစားနေပါတယ်။ ဘယ်နောက်ခံလူအဖြစ်ရော၊ ဗဟိုနောက်ခံလူအဖြစ်ပါ ကစားနိုင်တဲ့သူပါ။ သူ့နာမည်ကတော့ ဂျီဗာဒီအော ပါပဲ" လို့ ၎င်းက ဆိုပါတယ်။ သတင်းများအရ မန်စီးတီးအသင်းကတော့ ၂၀၂၈ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒီနောက်ခံလူကို အသင်းမှာ ရေရှည်ဆက်ထိန်းထားဖို့ စိတ်အားထက်သန်နေတယ်လို့ သိရှိရပါတယ်။