The network connection is lost.

Banner Image

ဒေါ့မွန်ကြယ်ပွင့် ဖေဘီယိုဆေးလ်ဗားကို ပရီးမီးယားလိဂ်အသင်းတွေ စောင့်ကြည့်နေ

ဝုဗ်အသင်းကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ကိုးလအကြာမှာတင် ဖေဘီယိုဆေးလ်ဗားဟာ ဒီနွေရာသီမှာ ပရီမီယံလိဂ်ဆီ ပြန်လည်ရောက်ရှိလာနိုင်ပါတယ်။

ဆေးလ်ဗားဟာ အင်္ဂလန်မှာ ရုန်းကန်ခဲ့ရတဲ့ အချိန်တွေအပြီး ပြီးခဲ့တဲ့ ဩဂုတ်လကမှ ဒေါ့မွန်အသင်းနဲ့ ငါးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့တာပါ။ ပေါ်တူဂီလက်ရွေးစင်ကစားသမားဖြစ်သူဟာ ဝုဗ်အသင်းအတွက် ၇၂ ပွဲ ကစားပေးခဲ့ရာမှာ ငါးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ဆေးလ်ဗားဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတစ်သင်းဆီ ပြောင်းရွှေ့ခွင့်ရခဲ့တာဟာ ကံကောင်းတယ်လို့ ဆိုနိုင်ပေမဲ့ ဂျာမနီမှာလည်း ဆက်လက်ရုန်းကန်နေရပြီး ၃၈ ပွဲ ကစားထားရာမှာ သုံးဂိုးသာ သွင်းယူနိုင်ပါသေးတယ်။

ပေါ်တိုအသင်းရဲ့ လူငယ်ကြယ်ပွင့်ဟောင်းဟာ အခုရာသီ ၄၅ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူထားတဲ့ ဆာဟူးဂီရာဆီရဲ့ ခြေစွမ်းပြမှုကြောင့်လည်း အခွင့်အရေးနည်းပါးခဲ့ရပါတယ်။ ဒါ့အပြင် ဂီရာဆီရဲ့ ခြေစွမ်းကပဲ ဒေါ့မွန်အသင်းအနေနဲ့ ဆေးလ်ဗားကို ရောင်းထုတ်ဖို့ စဉ်းစားရတဲ့ အဓိကအကြောင်းအရင်း ဖြစ်နေပါတယ်။

အပြောင်းအရွှေ့သတင်းထောက် ရူဒီဂလက်တီရဲ့ အဆိုအရ ဂီရာဆီ အသင်းမှာ ဆက်ရှိနေနိုင်တာနဲ့ ဒေါ့မွန်ရဲ့ ကစားဟန်က ဆေးလ်ဗားနဲ့ မကိုက်ညီတာကြောင့် သူ့ကို အသင်းကနေ ရောင်းထုတ်မယ့်စာရင်းထဲ ထည့်သွင်းထားနိုင်တယ်လို့ သိရပါတယ်။

အသင်းမှာ ကစားခွင့်နည်းပါးနေတာကို စိတ်ပျက်နေတဲ့ ဆေးလ်ဗားဟာ ဆစ်ဂနယ် အီဒူးနားပတ်ခ်ကွင်းကနေ ထွက်ခွာဖို့ သူ့ရဲ့အနာဂတ်ကို စဉ်းစားနေပြီလို့ ဂလက်တီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ပရီမီယံလိဂ်နဲ့ လာလီဂါကလပ်အသင်းအချို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဆေးလ်ဗားဟာ ဝုဗ်အသင်းမှာ ငါးနှစ်ကြာရှိနေစဉ်အတွင်း ရုန်းကန်ခဲ့ရသလို အင်္ဂလန်ပရီမီယံလိဂ်ရဲ့ ကြမ်းတမ်းတဲ့ ကစားဟန်ကိုလည်း မယှဉ်နိုင်ခဲ့တာကြောင့် ဒီနွေရာသီမှာ သူ့ကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားတာဟာ အတော်လေး စွန့်စားရာကျတယ်လို့ ဆိုရမှာပါ။