The network connection is lost.

Banner Image

မန်စီးတီးနဲ့ ဂျီဗာဒီအော စာချုပ်သစ်အတွက် ဆွေးနွေးနေ

မန်စီးတီးအသင်းဟာ သူတို့ရဲ့ နောက်ခံလူ ဂျီဗာဒီအောကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့အတွက် စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ချယ်လ်ဆီးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေထောက်အရိုးကျိုးဒဏ်ရာကြောင့် အသက် ၂၃ နှစ်အရွယ် ဂျီဗာဒီအောဟာ ပက်ဂွါဒီယိုလာရဲ့အသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ပွဲအထိ လွဲချော်ခဲ့ရတာပါ။ ဒီနောက်ခံလူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာမယ်လို့ မျှော်လင့်ရပြီး ခရိုအေးရှားအသင်းအတွက်လည်း အဓိကနေရာကနေ ပါဝင်ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ ဂျီဗာဒီအောမှာ ဒဏ်ရာပြဿနာတွေ ရှိနေပေမဲ့လည်း သူ့ကို ရေရှည်စာချုပ်သစ်တစ်ခုနဲ့ အသင်းမှာ ဆက်ရှိနေအောင် လုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ်။ ဂျီဗာဒီအောရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၈ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အခုကမ်းလှမ်းမယ့် စာချုပ်သစ်မှာတော့ သူ့ရဲ့ လုပ်ခလစာကို တိုးမြှင့်ပေးသွားဖို့ ရှိနေပါတယ်။

ဒီသတင်းဟာ ပရီးမီးယားလိဂ်နဲ့ ဥရောပကလပ်အသင်းတွေက စိတ်ဝင်စားမှုတွေ ရှိနေတဲ့ကြားက ဖီးလ်ဖိုဒန်ကို အသင်းမှာ ဆက်လက်ရှိနေအောင် စည်းရုံးနိုင်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။