The network connection is lost.

Banner Image

အီရာအိုလာရဲ့ကိုယ်စားလှယ်တွေနဲ့ စတင်ဆက်သွယ်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းက ဘုန်းမောက်အသင်းလက်ရှိနည်းပြအီရာအိုလာကို ခေါ်ယူဖို့ သူ့ရဲ့ကိုယ်စားလှယ်တွေဆီ စတင်ဆက်သွယ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ခန့်အပ်ခဲ့တဲ့ နည်းပြရိုဆင်နီယာကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် ချယ်လ်ဆီးက အမြဲတမ်းနည်းပြသစ်တစ်ဦးကို ထပ်မံရှာဖွေနေပါတယ်။

ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ ဖာဘရီဂတ်စ်နဲ့ အလွန်ဆိုတို့လို နာမည်ကျော်တွေအပါအဝင် အခြားသူတွေလည်း ရှိနေပေမဲ့ အသက် ၄၃ နှစ်အရွယ် အီရာအိုလာကတော့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

Football London ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေက အသင်းကိုကိုင်တွယ်ဖို့ စပိန်လူမျိုးနည်းပြမှာ ဆန္ဒရှိနေသလား သိရှိနိုင်ဖို့ သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်စကားပြောခဲ့တယ်လို့ သိရပါတယ်။

အီရာအိုလာက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၇ နေရာမှာရှိနေတဲ့ ဘုန်းမောက်ကို အကောင်းဆုံးဦးဆောင်ပြထားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အီရာအိုလာကတော့ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒီနွေရာသီမှာ အသင်းမှထွက်ခွာတော့မယ်လို့ မကြာသေးခင်ကပဲ ကြေညာထားပါတယ်။