The network connection is lost.

Banner Image

ချန်ပီယံရှစ်ကလပ်အသင်းနဲ့အတူ နည်းပြလောကဆီပြန်လာဖို့ အခွင့်အရေးရှိနေတဲ့ လီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်

လီဗာပူးဂန္ထဝင်ကစားသမားကြီးစတီဗင်ဂျရတ်က ချန်ပီယံရှစ်ကလပ်ဘရစ္စတိုးစီးတီးအသင်းမှာ သူ့ရဲ့နည်းပြဘဝကို ပြန်လည်စတင်ဖို့ အခွင့်အရေးရရှိထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အသက် ၄၅ နှစ်အရွယ် ဂျရတ်ဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်အီတီဖတ်အသင်းမှ ထွက်ခွာခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေပါတယ်။ သူက ဆော်ဒီမြေမှာ ၁၈ လကြာ ကျင်လည်ခဲ့ပါတယ်။

The Independent သတင်းထောက်မီဂေးလ်ဒီလေနီရဲ့အဆိုအရ ဘရစ္စတိုးစီးတီးအသင်းက အမြဲတမ်းနည်းပြသစ်တစ်ဦးရှာဖွေရာမှာ ဂျရတ်ကို ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဝါရင့်နည်းပြကြီးရွိုင်းဟော့ဒ်ဆန်က ယာယီနည်းပြအဖြစ် အသင်းကို တာဝန်ယူကိုင်တွယ်နေပြီး ဘရစ္စတိုးစီးတီးဘက်ကတော့ အခုရာသီကုန်မှာ ဂျရတ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ စိတ်အားထက်သန်နေပါတယ်။

ဒါပေမဲ့ လီဗာပူးကွင်းလယ်လူဟောင်းအတွက် ရွေးချယ်စရာတွေ မနည်းပါးလှပါဘူး။ ပူပူနွေးနွေးတန်းဆင်းသွားခဲ့တဲ့ ဘန်လေကလည်း ဂျရတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။