ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကောင်းဆုံးရှေ့ဆက်နိုင်ခဲ့တဲ့ စတုဂတ်
စတုဂတ် ၁-၀ လိုက်ပ်ဇစ် (ပွဲပြီးရလဒ်)
အမှတ်ပေးဇယားမှာ အထက်အောက်ရပ်တည်နေသလို အမှတ်တူ၊ ဂိုးကွာခြားချက်ပါ မတိမ်းမယိမ်းဖြစ်နေတဲ့ ပြိုင်ဘက်ကလပ်အသင်းနှစ်ခုရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာ အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာ လိုက်ပ်ဇစ်ဂိုးသမားရဲ့အမှားမှတဆင့် အန်ဒက်ဗ်က အိမ်ရှင်တွေအတွက် သွင်းယူပေးခဲ့ပါတယ်။ အခုအိမ်ကွင်းအနိုင်ရလဒ်ကြောင့် စတုဂတ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ လိုက်ပ်ဇစ်ကို သုံးမှတ်ဖြတ်ကာ TOP 4 စာရင်းမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။