The network connection is lost.

Banner Image

အစားထိုးကစားသမားအဆင်သင့်ဖြစ်ချိန် ဂတ်ပိုကို ထွက်ခွာခွင့်ပေးသွားမယ့် လီဗာပူး

စိတ်ပျက်စရာကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရတဲ့ လီဗာပူးက ဂတ်ပိုကိုရောင်းထုတ်ဖို့ အသင့်ဖြစ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးက မက်အယ်လစ္စတာရဲ့ပွဲချိန်နှောင်းပို်ငးအနိုင်ဂိုးကြောင့် စီးတီးဂရောင်းကွင်းမှ သုံးမှတ်အပြည့်ဖြင့် ပြန်လာနိုင်ခဲ့ပြီး အခုရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို ဆက်လက်ရှင်သန်စေခဲ့ပါတယ်။

အခုလိုအနိုင်ရရှိခဲ့ပေမဲ့ နည်းပြအန်းစလော့လက်ထက် အဆိုးရွားဆုံးကစားပုံပြသခဲ့တဲ့ အသင်းအပေါ် လီဗာပူးပရိသတ်တွေ အတော်လေးဝေဖန်ပြစ်တင်နေကြပါတယ်။

အထူးသဖြင့် နောက်ဆုံးကစားခဲ့တဲ့လိဂ်ပွဲစဉ် ၁၂ ပွဲမှာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့တဲ့ ဂတ်ပိုရဲ့ခြေစွမ်းပိုင်းကို ပရိသတ်တွေ အဓိကဝေဖန်ခဲ့ပြီး အသင်းကြီးတစ်ခုရဲ့လူစာရင်းမှာပါဝင်ဖို့ မလုံလောက်တော့ဘူးလို့ ပရိသတ်တွေ ယူဆနေကြပါတယ်။

အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ အန်ဂူမိုဟာက ဒီကစားသမားရဲ့နေရာမှာ လူစားဝင်လာပြီး ပွဲပြီးဆုံးခါနီးအချိန် အသင်းရဲ့ကစားပုံကို လုံးဝပြောင်းလဲပစ်ခဲ့သလို အသင်းအတွက် သုံးမှတ်အပြည့်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

အခုအခါမှာတော့ Shoot ရဲ့ ဖော်ပြချက်အရ အသက် ၂၆ နှစ်အရွယ်ဂတ်ပိုရဲ့ခြေစွမ်းအပေါ် စိတ်ပျက်နေတဲ့ လီဗာပူးအသင်းက အစားထိုးနိုင်မယ့်သူသာရှာတွေ့ခဲ့ရင် သူ့ကို လာမယ့်နွေရာသီမှာ ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဂက်ပိုက ၂၀၂၃ ခုနှစ်မှာ ဒတ်ခ်ျကလပ်ပီအက်စ်ဗွီမှ လီဗာပူးဆီ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၆၃ ပွဲအထိ ကစားပေးထားပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာလည်း ဘိုင်ယန်မြူးနစ်က သူ့ကို စိတ်ဝင်စားခဲ့ပေမဲ့ အသင်းဖော်လူးဝစ်ဒီယက်ဇ်ကိုပဲ ခေါ်ယူသွားခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ကတော့ ဂျာမန်ကလပ်အတွက် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

လာမယ့်နွေရာသီအပြောင်းအရွှေ့က လီဗာပူးအတွက် အလုပ်များမယ့်ကာလတစ်ခု ဖြစ်လာဖို့ရှိနေပြီး အသင်းအတွက် ရွေးချယ်စရာတွေအဖြစ် နယူးကာဆယ်ရဲ့ဂေါ်ဒွန်နဲ့ ဝက်စ်ဟမ်းကစားသမားဘိုဝင်တို့ အသင့်ရှိနေပါတယ်။