The network connection is lost.

Banner Image

လိဒ်စ်ယူနိုက်တက်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲက ချဲလ်ဆီးရဲ့ ခံစစ်ပိုင်းအပေါ် ဂျာအိုပက်ဒရို စိတ်ပျက်နေ

လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ ချဲလ်ဆီးတိုက်စစ်မှူး ဂျာအိုပက်ဒရိုက စိတ်ပျက်မှုကို ဝန်ခံပြောကြားလိုက်ပါတယ်။ 
အဲဒီပွဲမှာ ပက်ဒရိုက တစ်ဂိုးသွင်းယူပေးခဲ့သလို ပင်နယ်တီလည်း ရအောင်ယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ပွဲနှောင်းပိုင်းမှာ လိဒ်စ်အသင်းက နှစ်ဂိုး ပြန်သွင်းပြီး ချေပသွားနိုင်ခဲ့တာဖြစ်ပါတယ်။
 ပွဲအပြီးမှာ ပက်ဒရိုက"ပွဲကို ကျွန်တော်တို့ တကယ်ကောင်းကောင်း စတင်နိုင်ခဲ့လို့ တော်တော်လေးကို စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့က ၁ ဂိုး၊ ၂ ဂိုး အသာနဲ့ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဂိုးတွေ ပြန်ပေးလိုက်ရတယ်။ ဒီရာသီမှာ ဒီလိုပဲ ခဏခဏ ဖြစ်နေပါတယ်။
ကျွန်တော်တို့ ပိုပြီးတော့ ခြေစွမ်းတည်ငြိမ်ဖို့၊ ပိုပြီး အာရုံစိုက်ဖို့နဲ့ ပွဲကို အပြတ်သတ် အဆုံးသတ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာလည်း အရင်လိုပဲ ထပ်ဖြစ်ပြန်ပြီ။ ဘယ်နေရာတွေမှာ တိုးတက်အောင် လုပ်လို့ရမလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ဖို့ လိုပါတယ်။
နိုင်သင့်တဲ့ပွဲမျိုးမှာ အခုလိုဖြစ်သွားတာမျိုးပေါ့။ ကျွန်တော့်မှာလည်း အခွင့်အရေးရခဲ့သလို ကိုးလ်မှာလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နေ့မဟုတ်ခဲ့ဘူးလို့ပဲ ထင်ပါတယ်။ နိုင်အောင်ကစားနိုင်ဖို့ အာရုံစိုက်ဖို့ လိုပါတယ်။
ကျွန်တော်တို့ ပိုပြီးတော့ တည်ငြိမ်ဖို့ လိုပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိပ်သီဒ ၄ သင်းစာရင်းထဲ ဝင်ချင်တယ်ဆိုရင် ဒီလိုမျိုး အမှတ်တွေ မလျှော့သင့်ပါဘူး"လို့ ပြောခဲ့ပါတယ်။
လိဒ်စ်အသင်းရဲ့ ဂိုးတွေနဲ့ ပတ်သက်ပြီးတော့ ပက်ဒရိုက "ဘောလုံးကို ရှင်းထုတ်ဖို့ လိုပါတယ်။ ဘောလုံးနားမှာ လူတွေ အများကြီးနဲ့ ဝိုင်းပြီး စောင့်နေမယ်ဆိုရင် ဒီလိုမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါက ခက်ခဲပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ တကယ်ကောင်းတဲ့ ပွဲတစ်ပွဲကို ကစားခဲ့တာပါ။ ဒါပေမဲ့ ပိုပြီး အာရုံစိုက်ဖို့ လိုပါတယ်။ ဒီလိုမျိုး ဂိုးတွေ မပေးသင့်ပါဘူး" လို့ ညည်းတွားပြောဆိုခဲ့ပါတယ်။