
မန်စီးတီးစတားအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရယ်မောဖွယ်ထုတ်ပြောလာတဲ့ ဂွါဒီယိုလာ
ဟာလန်းကို ဘာစီလိုနာက ချိတ်ဆက်နေပြီးပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေအပေါ် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရယ်မောဖွယ်ပြောကြားလိုက်ပါတယ်။
စီးတီးနဲ့ ၁၀ နှစ်စာချုပ်ချုပ်ဆိုထားတာကြောင့် မန်ချက်စတာကထွက်ခွာမယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို ဟာလန်းအနေနဲ့ မရူးသွက်လောက်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
နော်ဝေသားဟာ ဒီရာသီအသင်းအတွက် ၈ ပွဲမှာ ၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး အသင်းမှာ ကာလရှည်ဆက်လက်ရှိနေဖွယ်ှရှိနေပါတယ်။
အသင်းဥက္ကဌ ရွေးကောက်ပွဲမှာ ဘာစီလိုနာဥက္ကဌ လာပေါ်တာက ဟာလန်းကိုအပြောင်းအရွှေ့ထိပ်ဆုံးစာရင်းမှာ ထားထားတယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
လာပေါ်တာက အသက် ၂၅ နှစ်သားကို ဦးတည်ပြီး ယာမဲလ် ၊ ပီဒရီတို့နဲ့တွဲဖက်ပေးချင်နေပါတယ်။ ဒါပေမယ့်လည်း ဟာလန်းက စီးတီးနဲ့ ၂၀၃၄ အထိ စာချုပ်သက်တမ်းတိုးထားခဲ့တာကြောင့် ခေါ်ယူဖို့ခက်ခဲနိုင်တာဖြစ်ပါတယ်။
ဂွါဒီယိုလာကလည်း ဟာလန်းအနေနဲ့ လာမယ့်အနာဂတ်မှာ ဘယ်ကိုမှပြောင်းမှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။
“ဟာလန်းအနေနဲ့ ရူးမိုက်တဲ့လုပ်ရပ်မျိုးလုပ်မယ်မထင်ပါဘူး။ ဒါပေမယ့် ဘောလုံးမှာက ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ အရိုးသားဆုံးပြောရရင် ဘာဖြစ်မလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူး။
ဟာလန်းဒီမှာ ကာလရှည်စာချုပ်ရှိနေတယ်ဆိုတာ ကျွနတော်သိပါတယ်။ သူအကောင်းဆုံးလုပ်ဆောင်ပြီး ဂိုးတွေသွင်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်။
ဘာစီလိုနာက ဟာလန်းကိုခေါ်ယူဖို့ အိပ်မက်ရှိတယ်ဆိုတာ ကျွန်တော်နားလည်သလို ကမ္ဘာပေါ်ကအသင်းတိုင်းလည်း အဲ့လိုပဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ တကယ်လို့ ဟာလန်းက စီးတီးမှာမရှိရင်တောင် ကျွန်တော်တို့လည်း စိတ်ကူးယဉ်မိမှာပါ။
အသင်းဘက်က ဂိုးတွေသွင်းယူနိုင်အောင် သူ့ကိုအများကြီးကူညီပေးနေတယ်လို့ ကျွန်တော်ခံစားရပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဟာလန်းဟာ လာမယ့်အနာဂတ်မှာလည်း စီးတီးအသင်းတိုက်စစ်ကို ဦးဆောင်ဖွယ်ရှိနေပြီး စာချုပ်သက်တမ်းက ၂၀၃၄ အထိရှိနေတာကြောင့် အသင်းမှာကာလရှည်ဆက်ရှိနေမယ်လို့ ဂွါဒီယိုလာက ယုံကြည်နေပါတယ်။