The network connection is lost.

Banner Image

အက်စ်တီဗာအိုရဲ့နောက်ကျဂိုးနဲ့အတူ လီဗာပူးကို အနိုင်ယူခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီး ၂ - ၁ လီဗာပူး (ပွဲပြီးရလဒ်)

ပထမပိုင်းအတွင်း နှစ်သင်းစလုံး ငြိမ်သက်နေခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့အတူ ပွဲကအတော်လေးကြည့်ကောင်းခဲ့ပါတယ်။
လီဗာပူးက ဂတ်ပိုရဲ့ဂိုးနဲ့ ပြန်လာနိုင်ခဲ့ပေမဲ့ နောက်ပိုင်းပွဲချိန်တွေမှာ ကစားအားကျသွားခဲ့တဲ့အတွက် အတော်လေး ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမိနစ်ဂိုးပေးလိုက်ရတာကြောင့် သုံးပွဲဆက်ရှုံးပွဲကြုံခဲ့ပါတယ်။
ချဲလ်ဆီးက ဒုတိယပိုင်းမှာ ခံစစ်မှူးနှစ်ဦးစလုံး လူစားလဲလိုက်ရတာကြောင့် ခံစစ်ပိုင်း ရုန်းကန်ခဲ့ရပေမဲ့ လိုအပ်နေတဲ့ အနိုင်ဂိုးကိုရယူကာ အဖိုးတန်သုံးမှတ် ရရှိသွားခဲ့ပါတယ်။