The network connection is lost.

Banner Image

လီဗာပူးကစားသမားဘဝအဖွင့်ဂိုးအတွက် တုံ့ပြန်မှတ်ချက်ပေးလာတဲ့ အီဆက်ခ်

အီဆက်ခ်က လီဗာပူးကစားသမားဘဝ၊ သူ့ရဲ့ပထမဆုံးဂိုးသွင်းယူပြီးနောက် ဖြစ်ပေါ်လာခဲ့တဲ့ အံ့အားသင့်ဖွယ် ခံစားချက်ကို ထုတ်ဖော်လာပါတယ်။ ဒီနေ့မနက်ပိုင်း၊ အန်ဖီးလ်ကွင်းအတွင်း စိန့်တွေကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ တိုက်စစ်မှူးက ကလပ်အသင်းအတွက် သွင်းဂိုးရယူပေးခဲ့ပါတယ်။

ပွဲစဉ်အပြီး ITV Sport နဲ့ အင်တာဗျူးအစီအစဉ်မှာ အီဆက်ခ်က “ အံ့ဖွယ်ပါပဲ။ စိတ်ပျက်စရာ အခိုက်အတန့်တစ်ခုအပြီး ကမ္ဘာကြီးကိုသက်သေပြဖို့နဲ့ အန်ဖီးလ်ကွင်းဆီပြန်လာပြီး အခုလိုဂိုးသွင်းယူဖို့ဆိုတာ ကောင်းလွန်းပါတယ်။ အနိုင်ရလဒ်လည်း ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ညလေးတစ်ခုပါပဲ။

အစောပိုင်းအခွင့်အရေးကောင်းတစ်ခုကိုလည်း ကျွန်တော် အဆုံးသတ်သွင်းယူနိုင်ခဲ့သင့်ပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးဆိုတာ တိုက်စစ်မှူးတစ်ဦးရဲ့ဘဝအစိတ်အပိုင်းတရပ် ဖြစ်ပါတယ်။ အခွင့်အရေးအချို့ကို လွဲချော်သလို အခွင့်အရေးအချို့ကိုလည်း သွင်းဂိုးအဖြစ် အဆုံးသတ်နိုင်ပါတယ်။ အရေးအကြီးဆုံးအရာကတော့ မကောင်းတဲ့အရာတွေကို ဖယ်ရှားပြီး နောက်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေဖို့ လုပ်သွားရမယ်ဆိုတာပါပဲ။

ကျွန်တော်ကတော့ သိပ်အများကြီးမစဉ်းစားဘဲ ကိုယ့်ပုံစံအတိုင်းကစားနိုင်ဖို့ပဲ ကြိုးစားပါတယ်။ အရာရာတိုင်း အလုပ်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပြီး အခွင့်အရေးရလာချိန်တိုင်း အဆုံးသတ်ကန်သွင်းယူနိုင်ဖို့ဆိုတာ ကျွန်တော့်ရဲ့စိတ်ကူးဆန္ဒပါပဲ။ ဒီနေ့မှာလည်း ဂိုးသွင်းယူနိုင်လို့ ပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သုံးပွဲပါဝင်ကစားရမှုနဲ့အတူ အသက်-၂၆ နှစ်အရွယ်ကစားသမားက အကောင်းဆုံးပုံစံရရှိဖို့အတွက် ကြိုးစားနေမှုမှာ အကျိုးကျေးဇူးတွေ ရရှိခဲ့တယ်လို့ ယုံကြည်နေခဲ့ပါတယ်။

သူက “ ကျွန်တော့်ရဲ့ခံစားချက်တွေ ကောင်းမွန်နေပါတယ်။ ကျွန်တော်ပါဝင်ကစားရတဲ့ပွဲစဉ်တွေနဲ့အတူ အကောင်းဆုံးပုံစံရရှိဖို့အတွက် အကူအညီဖြစ်စေတယ်လို့ ထင်ပါတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်တော်လည်း အဆင်သင့်ဖြစ်လာပါပြီ”လို့ ပြောပါတယ်။ ရာနှုန်းပြည့်ကြံ့ခိုင်မှုရရှိဖို့ ဘယ်လောက်အထိနီးစပ်နေပြီလဲဆိုတဲ့ မေးခွန်းကို အီဆက်ခ်က “ ပြောဖို့ခက်ပါတယ်။

ဒါက ကြံ့ခိုင်မှု ပိုင်းနဲ့ ဘောလုံးကစားချင်တဲ့စိတ်ဆန္ဒ ရောထွေးနေမှု လို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ခံစားချက်တွေ ကောင်းမွန်နေပါတယ်။ အနည်းဆုံးတော့ ခြားနားမှုတစ်ခုပြုလုပ်နိုင်မယ့် အသွင်သဏ္ဍာန်တစ်ခုဆီ ကျွန်တော်ရောက်ရှိနေပြီလို့ ထင်ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။