
ဘရန့်ဖို့ဒ်ကို ဂိုးပြတ်ရှုံးပြီး ဇယားအောက်ခြေကို ပြန်ဆင်းသွားတဲ့ ယူနိုက်တက်
ဘရန့်ဖို့ဒ် ၃ - ၁ ယူနိုက်တက် (ပွဲပြီးရလဒ်)
ယူနိုက်တက်ဟာ တိုက်စစ်ဖွင့်ကစားခဲ့ပေမဲ့ ဘရန့်ဖို့ဒ်ရဲ့တန်ပြန်တိုက်စစ်တွေကို ဘယ်လိုမှ မထိန်းနိုင်ခဲ့ဘဲ အဝေးကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။
ဂိုးသမား ဘယင်ဒါသာ မကယ်ဘူးဆိုရင် ဒီထက်ဂိုးပြတ်တဲ့ရလဒ်နဲ့ ယူနိုက်တက်တို့ ရင်ဆိုင်သွားရနိုင်ပါတယ်။
ဘရန့်ဖို့ဒ်ကတော့ တန်ပြန်တိုက်စစ်တွေကို အကောင်းဆုံးအသုံးချကာ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖန်တီးသွားနိုင်ခဲ့ပါတယ်။