
ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်နဲ့အတူ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်လိုက်တဲ့ လီဗာပူး
လီဗာပူး ၂-၁ အဲဗာတန် (ပွဲပြီးရလဒ်)
အခုသီတင်းပတ်ရဲ့အစောဆုံးပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အန်ဖီးလ်ကွင်းမာဆေးဆိုဒ်ဒါဘီမှာ အိမ်ရှင်တွေက အနိုင်ရလဒ်ဖော်ဆောင်ပြီး အဖိုးတန်သုံးမှတ်အပြည့် ရယူသွားခဲ့ပါတယ်။ အခုပွဲစဉ်မှာ လီဗာပူးအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲချိန်အတွင်း ဂရာဗန်ဘတ်ချ်၊ အီကီတီကီတို့က သွင်းယူပေးခဲ့ပြီး အဲဗာတန်အတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန်အတွင်း ဂူယီက သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ အန်းစလော့ရဲ့အသင်းက အနီးစပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ တော့တင်ဟမ်၊ ဘုန်းမောက်တို့ထက် တစ်ပွဲပိုကစား၊ ခြောက်မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ပြတ်ပြတ်သားသားရပ်တည်နိုင်ခဲ့ပါတယ်။