The network connection is lost.

Banner Image

Gtech Community ကွင်းကြီးမှာ အစဉ်အလာမပျက်ခဲ့တဲ့ ချဲလ်ဆီး

ဘရန့်ဖို့ဒ် ၂-၂ ချဲလ်ဆီး (ပွဲပြီးရလဒ်)

ဘရန့်ဖို့ဒ်နဲ့ ချဲလ်ဆီးတို့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ လန်ဒန်ဒါဘီကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကိုတော့ ပထမပိုင်းပွဲချိန်အတွင်းမှာ ရှာဒီက ဘရန့်ဖို့ဒ်အတွက် သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ မှန်ကန်တဲ့လူစားလဲလှယ်မှုတွေနဲ့အတူ ပယ်လ်မာရဲ့ချေပဂိုး၊ ကိုင်စီဒိုရဲ့ဦးဆောင်ဂိုးတို့ကို ရရှိခဲ့ပါတယ်။ ဘရန့်ဖို့ဒ်အတွက် အဖိုးတန်ချေပဂိုးကိုတော့ လူစားဝင်ကစားသမားကာဗယ်လ်ဟိုက နာကျင်အချိန်ပိုမှာသွင်းယူသွားခဲ့လို့ ချဲလ်ဆီးတို့ Comeback နိုင်ပွဲနဲ့ ဝေးကွာသွားခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဘရန့်ဖို့ဒ်အိမ်ကွင်းနောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုလေးကြိမ်မှာ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့မှတ်တမ်းကို ချဲလ်ဆီးတို့ ပိုင်ဆိုင်သွားခဲ့ပါတယ်။