
အူလ်ဆန်ဟွန်ဒိုင်းကို အနိုင်ယူကာ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်တက်ရောက်လာတဲ့ ဒေါ့မွန်
ဒေါ့မွန် ၁-၀ အူလ်ဆန်ဟွန်ဒိုင်း (ပွဲပြီးရလဒ်)
ပွဲချိန်တလျှောက်လုံး ဒေါ့မွန်ကသာ အူလ်ဆန်ဟွန်ဒိုင်းကို အသာစီးရယူကစားခဲ့ပြီး ပထမပိုင်းပွဲချိန်အတွင်းမှာဆိုရင် ပြိုင်ဘက်ဂိုးပေါက်ဆီခြိမ်းခြောက်မှုများစွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒေါ့မွန်အတွက် အနိုင်ဂိုးကိုလည်း ကွင်းလယ်ကစားသမား ဆဗန်ဆင်က ပထမပိုင်းပွဲချိန်အတွင်းမှာ သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အူလ်ဆန်ဟွန်ဒိုင်းရဲ့တန်ပြန်ဖိအားပေးမှုအချို့မြင်တွေ့ရပေမယ့် ဒေါ့မွန်ခံစစ်ပိုင်းကို အခက်အခဲကြီးကြီးမားမားမဖြစ်စေခဲ့ပါဘူး။အခုအနိုင်ရလဒ်ကြောင့် ဒေါ့မွန်က အုပ်စုပထမ၊ မာမယ်လိုဒီဆန်ဒေါင်းစ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ဖလူမီနိစ်က အုပ်စုဒုတိယနေရာဖြင့် ရှုံးထွက်အဆင့်ဆီ တက်ရောက်လာပါတယ်။