The network connection is lost.

Banner Image

အုပ်စုဗိုလ်နေရာရယူပြီး ရှုံးထွက်အဆင့်တက်လှမ်းသွားတဲ့ ဘင်ဖီကာ

ဘင်ဖီကာ ၁-၀ ဘိုင်ယန်မြူးနစ် (ပွဲပြီးရလဒ်)

အုပ်စုဗိုလ်နေရာအတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်နေလို့ နှစ်ဖက်အသင်းကစားသမားတွေ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားပြီး ပွဲကြီးပွဲကောင်းတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်အစောပိုင်းမှာ ဘင်ဖီကာအတွက် ရှဒါရပ်က သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်ပွဲကစားချိန်တွေမှာ ဘိုင်ယန်မြူးနစ်က ချေပဂိုးရရှိဖို့ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ပေမယ့် ဝါရင့်ကစားသမားအော်တာမန်ဒီဦးဆောင်တဲ့ဘင်ဖီကာခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်ကစားသမားတွေရဲ့ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို လက်စွမ်းပြကာကွယ်သွားတဲ့ ဘင်ဖီကာဂိုးသမားထရူဘင်ရဲ့စွမ်းဆောင်ရည်ကလည်း ချီးကျူးစရာကောင်းခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဘင်ဖီကာက အုပ်စုဗိုလ်နေရာ၊ ဘိုင်ယန်မြူးနစ်က အုပ်စုဒုတိယနေရာနဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။